တစ်ပတ်တာ ရန်ကုန်ကားဈေးကွက် အခြေအနေ


အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အတန်းတင် စာမေးပွဲများ ဖြေဆိုပြီးဖြစ်၍ ခရီးသွားလာသူများနေပြီး နယ်အဝယ်လည်း အဆင်းနည်းသွားခြင်းကြောင့် ကားဈေးကွက်က အနည်းငယ် ငြိမ်သက်နေပါတယ်။

ရန်ကုန်လိုင်စင် ၁၃၀၀ စီစီ ရောင်းကားရှားလာခြင်းကြောင့်လည်း ဈေးကွက်အကြိုက်ဖြစ်သည့် Honda Fit ၊ Fit Shuttle ၊ Toyota Axio ၊ Toyota Vitz ၊ Toyota Probox ၊ Honda Fit GK3 တို့မှာ တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်လိုင်စင် အမည်ပေါက်ရရှိသည့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကားများမှာ ဂျပန်ညာမောင်းကားများထက် ဝယ်ယူမှု နည်းသွားပါတယ်။

YVQC စနစ် ထွက်ပေါ်မလာသေးခြင်းနှင့် အပ်ကားရှားပါးနေခြင်းကြောင့်လည်း စလစ်ဈေးများ အတက်ဘက်သို့ ဦးတည်သွားပြီး Consignment လက်ကျန်ကားများနှင့် ကားသစ်ဈေးကွက်မှာ အေးစက်နေပါတယ်။

ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 4Q/8364 နှင့် HH/3996 သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

Read 579 times