တစ်ပတ်တာ ရန်ကုန်ကားဈေးကွက် အခြေအနေ


15.2.2019 မှ 21.2.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ တစ်ပတ်တာ ရန်ကုန်ကားဈေးကွက် အခြေအနေကို ဖော်ပြအပ်ပါတယ်။

လက်ရှိအချိန်တွင် ဘယ်မောင်းကားနှင့် ညာမောင်းကား လွန်ဆွဲမှုမှာ ပိုမိုပြင်းထန်လာပြီး အများစုက ထိတွေ့မှုနည်းသေးယော ဘယ်မောင်းကားများထက် ညာမောင်းကားများကိုသာ လက်ခံအသုံးပြုနေကြပါတယ်။

ညာမောင်းကားများထဲတွင် ဈေးကွက်အကြိုက် ရန်ကုန်လိုင်စင် Honda Fit ၊ Toyota Probox ၊ Toyota Succeed ၊ Toyota Fielder ၊ Toyota Vitz ၊ Toyota Wish ၊ Toyota Belta ၊ Toyota Kluger ကားများ အရောင်းအဝယ် ဖြစ်နေပါတယ်။ ကျပ်သိန်းငါးရာဝန်းကျင်ကားများထဲတွင် Toyota Vanguard နှင့် Toyota Harrier တို့ အရောင်းအဝယ်ဖြစ်နေပါတယ်။

ဘယ်မောင်းကားသစ်ကြိုက်သူများကလည်း အလုံးအရင်းဝင်ရောက်လာမည့် SKD ကားများကို စောင့်ကြည့်နေကြပါတယ်။

ပြီးခဲ့သည့် နှစ်ကုန်မတိုင်မီအထိ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော Suzuki ကားများမှာ တစ်လ အစီးတစ်ထောင်ဝန်းကျင်ရောင်းချနေရသော်လည်း ယခု နှစ်အစပိုင်းမှစပြီး ဈေးမြှင့်တက်သွားခြင်းနှင့် အသစ်ဝင်ရောက်လာမည့် ကားများအပေါ် စောင့်ကြည့်နေခြင်းကြောင့် ယခင်ကဲ့သို့ အရောင်းအဝယ် အရမ်းမများတော့ဘဲ ပုံမှန်အတိုင်းသာ ဝယ်လိုအားရှိကြောင်း သိရပါတယ်။

ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 4Q/7620 နှင့် HH/3996 သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

Read 668 times