1.2.2019 မှ 7.2.2019 အတွင် ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။
နှစ်အစ ကားဈေးကွက်အတွင်း ပြည်ပမှ CBU စနစ်ဖြင့် ကားအမျိုးအစားသစ်များ ဝင်ရောက်လာသလို ပြည်တွင်း SKD စနစ်ဖြင့် ကားအမျိုးအစားသစ်များ ဝင်ရောက်လာသဖြင့် ရွေးချယ်ဝယ်ယူစရာများလာပြီး Brand New ကားဈေးကွက် နှင့် Used Car ဈေးကွက် အားပြိုင်မှု ပြင်းထန်းလာပါတယ်။
ရန်ကုန်လိုင်စင်ရယူလိုပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများက SKD ကားများကို ရွေးချယ်ကြပြီး ဂျပန်ညာမောင်းကား ကြိုက်သူများကလည်း နံပါတ်ထွက်ပြီးသား ကားများနှင့် အရောင်းစင်တာလက်ကျန်းကားများကို ဝယ်ယူလာကြပါတယ်။
နယ်အဝယ် ပြန်ဆင်လာခြင်းကြောင့် နံပါတ်ထွက်ပြီးသား ၁၃၀၀ စီစီကားများနှင့် ၆၆၀ စီစီ ပစ်ကပ်များ အရောင်းအဝယ် ကောင်းလာသလို အမြင့်ကားဈေးကွက်လည်း အနည်းငယ်ပြန်လည် လှုတ်ခတ်လာကြောင်း ကားဈေးကွက်အတွင်းမှ သိရပါတယ်။
ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 4Q/ 5921 နှင့် HH / 3983 သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။