တစ်ပတ်တာ ရန်ကုန် ကားဈေးကွက် အခြေအနေ


25.1.2019 မှ 30.1.2019 အတွင် ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

ဇန်နဝါရီလ၏ ကားဈေးကွက်သည် ဂျပန်ညာမောင်းနံပါတ်ထွက်ပြီးသား ကားများသာ အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်လိုင်စင်ဖြင့် ဖရီးပါမစ်ကား ဝယ်ယူတင်သွင်းခွင့် မူဝါဒထွက်ပေါ်မလာသေးသောကြောင့် Brand New ကားဈေးကွက်မှာ အားကောင်းလာသေးခြင်း မရှိသေးပါဘူး။

ယခုနှစ်ဆန်းပိုင်းမှစ၍ Braqnd အသီးသီးမှ ကားသစ်များကို တင်သွင်းမိတ်ဆက် ရောင်းချနေသော်လည်း နယ်အဝယ်များကိုသာ အဓိက အားထားနေရပါတယ်။ ပြည်တွင်း SKD စနစ်ဖြင့် Car Brand အသစ်လေးခုကျော် ဝင်ရောက်လာရန် ရှိသည့်အတွက်လည်း အချို့က ထိုးကားသစ်များကို စောင့်ကြည့်နေကြပါတယ်။

ယခုနှစ်က အရောင်းအဝယ်ကောင်းခဲ့သည့် Suzuki ကားများသည်လည်း စက်ရုံထုတ်ဈေး မြင့်တက်သွားခြင်းကြောင့် အဝယ်နည်းသွားခဲ့ ပါတယ်။ ဈေးကွက်ငြိမ်သက်နေချိန်တွင် နံပါထွက်ပြီးသာ ၁၃၀၀ စီစီကားများနှင့် ၆၆၀ စီစီ Mini Truck များသာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။

ကညနမှ နံပါတ်ထုတ်ပေးမှုစာရင် များအရ   4Q/5003 နှင့် HH/3983 သို့ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Read 271 times