ရန်ကုန်လိုင်စင်ကားဝယ်ယူခွင့်မူဝါဒကို စောင့်ကြည့်သဖြင့် ငြိမ်သက်နေသည့် ကားဈေးကွက်နှင့် ကားဈေးနှုန်း


 

မေလ တစ်လလုံး အရောင်းအဝယ်ကောင်းမွန်ခဲ့သော ကားဈေးကွက်သည် YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားဝယ်ယူခွင့် ထုတ်ပေးမည်ဆိုသည့် သတင်းများကြောင့် ဈေးကွက်အနည်းငယ်ပြန်လည် အေးစက်သွားခဲ့သည်။

မေလဆန်းမှစ၍ ကားဈေးကွက်မှာ ပြန်လည်လှုပ်ခတ်လာပြီး ရန်ကုန်လိုင်စင် ၁၃၀၀ စီစီကားများဖြစ်သည့် Toyota Belta၊ Toyota Probox၊ Toyota Vitz၊ Toyota Ractis နှင့် Honda Fit ကားများ အရောင်းအဝယ်ဖြစ်ခဲ့သလိုစလစ်ကပ်ကားများဖြစ်သည့် နံပါတ်ထွက်ပြီးသား Toyota Crown၊ Toyota Kluger၊ Toyota Wish စသည့်ကားများသည်လည်း ဝယ်လက်ရှိခဲ့သည်။

သို့သော် ဇွန်လအတွင်း ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်ပေးမည်ဟု သတင်းထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ကားဈေးများ ပြန်ကျသွားမည်အထင်ဖြင့် အခြေအနေတစ်ခုကို စောင့်ကြည့်နေကြသောကြောင့် ဈေးကွက်အခြေအနေလည်း ပြန်လည်အေးစက်သွားခဲ့သည်။

မူဝါဒအပြောင်းအလဲကြားတွင် ကားဈေးကွက်အခြေအနေမှာ ငြိမ်သက်မှု မရှိခဲ့သော်လည်း ရန်ကုန်လိုင်စင်ရသည့် ပြည်တွင်းထုတ် Suzuki Ciaz နှင့် Suzuki Ertiga ကားများမှာ ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

ပုံမှန်အတိုင်းဆိုလျှင် ကျောင်းဖွင့်ရာသီထက် ဇွန်လဆန်းတွင် ကားအရောင်းအဝယ်များ ကောင်းလေ့ရှိသော်လည်း ရန်ကုန်လိုင်စင်နှင့် ကားဝယ်ယူခွင့်မူဝါဒကို စောင့်နေကြသည့်အတွက် ယခုရက်ပိုင်းတွင် အဝယ်နည်းသွားကြောင်း Suzuki KL Seven Mega 6 Car Showroom မှ ဒါရိုက်တာတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ဇွန်လမှစပြီး ကျင့်သုံးဖွယ်ရှိသည့် YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားဝယ်ယူခွင့်တွင် နယ်ကားများကို ထိရောက်သည့် မြို့ဝင်ကြေးများ ကောက်ခံဖွယ်ရှိသည့်အတွက် နယ်လိုင်စင်ကားများလည်း အဝယ်နည်းသွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နယ်လိုင်စင်ကားများနှင့်ပတ်သတ်၍ အခွန်ကောက်ခံမှုပုံစံကို တရားဝင် မထုတ်ပြန်သေးသောကြောင့် နယ်ကားပိုင်ရှင်များကလည်း ပေါက်ဈေးအတိုင်း ဈေးတင်းခံပြီး ရောင်းချနေသည့်အတွက် အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း ကားဝယ် ^ ရောင်းများက ပြောကြားပါသည်။

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူတင်သွင်းမည်ဆိုပါက မူကြမ်းတွင် ပါရှိသည့်အတိုင်း ဘယ်မောင်းကားသစ်မာျးကိုသာ ခွင့်ပြုပေးမည်ဖြစ်၍ ညာမောင်းကားများ၏ ဈေးများမှာ သိသိသာသာ ကျဆင်းသွားမည်မဟုတ်ဘဲ ဘယ်မောင်းကားသစ်နှင့် ညာမောင်းကားစောင်းများ၏ ဈေးကွက်က ယှဉ်ပြိုင်မှု ပိုကောင်းလာမည်ဖြစ်သည်။

ယာဉ်အို^ဟောင်း စလစ်ဈေးကွက်သည်လည်း Consignment စနစ်ဖြင့် တင်သွင်းထားသော ဂျပန်ညာမောင်းကားအရေအတွက်ကို မူတည်နေသဖြင့် လိုအပ်ချက်အပေါ်မူတည်ကာ အပြောင်းအလဲရှိလာမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အသုံးပြုခွင့်လက်မှတ် YVQC ထုတ်ပေးရာတွင် မော်တော်ယာဉ်အမျိုးအစားအလိုက် အင်ဂျင်ပါဝါနှင့် မော်တော်ယာဉ်အနေအထားအပေါ်အခြေခံ၍ အုပ်စုများ ခွဲခြားသတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး ၁၆၀၀ စီစီနှင့်အောက် လူစီးယာဉ်မာျးကို ကျပ်သိန်းသုံးဆယ်၊ ၁၆၀၁ စီစီမှ ၃၀၀၀ စီစီအထိ လူစီးယာဉ်မာျးကို ကျပ်သိန်းခြောက်ဆယ်၊ ၃၀၀၀ စီစီအထက် လူစီးယာဉ်မာျးကို ကျပ်သိန်း ကိုးဆယ်၊ Pick-up၊ Extra Cab များနှင့် 2500 kg အောက် လုပ်ငန်းသုံးယာဉ်^ ကုန်တင်ယာဉ်များကို ကျပ် ၁၀ သိန်း၊ 2501 Kg မှ 5000 Kg အထိ ကုန်တင်ယာဉ်များကို ကျပ် ၁၅ သိန်း၊ ခရီးသည်တင်ယာဉ် မီနီဘတ်စ် (၁၅ ယောက်စီးအောက်) ကို ကျပ်သိန်း သုံးဆယ်၊ ခရီးသည်တင်ယာဉ် မီနီဘတ်စ် ( ၁၆ ယောက်မှ ၂၇ ယောက်အထိ) ကို ကျပ် ၁၅ သိန်း၊ ခရီးသည်တင်ယာဉ် (City Bus၊ Express) နှင့် 5100 Kg ကုန်တင်ယာဉ်များနှင့် ယန္တရားများကို ကျပ်တစ်သိန်းများဖြင့် ခွင့်ပြုပေးမည်ဖြစ်သည်။

လက်ရှိအချိန်တွင် Brand New ဘယ်မောင်းကားများ၏ ဈေးကွက်မှာ အေးစက်နေသော်လည်း ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့် ထုတ်ပေးမည်ဆိုပါက စလစ်ဈေးထက်သက်သာသော အခွန်နှုန်းထားတစ်ခုသတ်မှတ်ပြီး ခွင့်ပြုပေးမည်ဖြစ်ရာ ဘယ်မောင်းကားမာျး၏ ဈေးကွက်သည်လည်း အားကောင်းလာဖွယ်ရှိသည်ဟု ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

မူကြမ်းတွင်ပါရှိသည့်အတိုင်း ဘယ်မောင်းကားများကိုသာ ရန်ကုန်လိုင်စင် ခွင့်ပြုပေးမည်ဆိုပါက ဂျပန်ညာမောင်းကားများအတွက် စလစ်လိုအပ်ချက်လည်းရှိနေအုံးမည်ဖြစ်ရာ လက်ရှိစလစ်ပေါက်ဈေး ကျပ် ၁၂၅ သိန်းအောက်သို့ ကျဆင်းဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

ကားဈေးနှုန်းများ

စဉ်

ကားအမျိုးအစား

နံပါတ်

မိုဒယ်

ဈေးနှုန်း

 

Toyota Kluger

YGN

2003

330

Suzuki

BGO

2011

170

Honda Fit

ယာယီ

2012

270

Toyota Alphard

ယာယီ

2003

340

Toyota Wish

YGN

2003

240

Toyota Vanguard

YGN

2011

530

Toyota Belta

YGN

2010

200

Toyota Probox

BGO

2012

165

Honda Insight

MDY

2012

245

၁၀

Nissan Jake

ယာယီ

2011

350

 

Read 865 times