တစ်ပတ်အတွင်းဖြစ်ပေါ်နေသော ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအရ ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့် ရမည်ဖြစ်သကဲ့သို့ အကောက်ခွန်ဦးစီးဌာနက CIF တန်ဖိုးများ မထုတ်ပြန်တော့ဘဲ Invoice အတိုင်းသာ အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ပေးဆောင်ရမည့်အခွန်များ တွက်ချက်နေခြင်းကြောင့် ကားတင်သွင်းမှုမှာ ရပ်တန့်နေပါသည်။

သို့ဖြစ်၍လည်း ဇန်နဝါရီလ ဒုတိယအပတ်အထိ တစ်ဦးချင်းကားတင်သွင်းမှုအတွက် ပါမစ်လျှောက်ထားမှုမရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

ယခုနှစ်ကားတင်သွင်းခွင့်မူဝါဒဖြင့် ကားသစ်များ ဝင်ရောက်လာခြင်းမရှိသေးသည့်အတွက်လည်း ရောက်ရှိပြီး ဂျပန်ညာမောင်းကားများဖြင့်သာ စျေးကွက်ဆက်လက်လည်ပတ်နေပါသည်။

ကားအရောင်းအဝယ်များ အေးနေသည့်အတွက် စလစ်စျေးလည်း ကျပ်သိန်း ၁၂၀ ဝန်းကျင်တွင် ရပ်တန့်နေပါသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာလများက အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ယခုနှစ်အစတွင်မူ တင်သွင်းရမည့် ပုံစံပြောင်းလဲသွားခြင်းနှင့် ပေးဆောင်ရမည့်အခွန်နှုန်းထားများ ပြောင်းလဲမှုကြောင့် တင်သွင်းပြီးသား ကားဟောင်းများကိုသာ ထိန်းရောင်းနေကြရပါသည်။

ပြီးခဲ့သည့်နှစ် မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်များ မပိတ်မီ ဒီဇင်ဘာ ၂၇ ရက်မတိုင်မီအထိ အမည်ပေါက်စလစ်စျေးသည် ကျပ် ၁၃၈ သိန်းအထိ မြင့်တက်ခဲ့သော်လည်း ဘယ်မောင်းသာတင်သွင်းရမည့်

ယခုနှစ်မူဝါဒကြောင့် ကားတင်သွင်းမှုများ နည်းသွားပြီး ကျပ်သိန်း ၁၂၀ အထိ ကျဆင်းသွားကြောင်း သိရပါသည်။

ယခုနှစ်မူဝါဒအရ ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်သောကြောင့် စလစ်လိုအပ်ချက်သည် Consignment ကားများအတွက်သာ အဓိကကျနေပြီး တင်သွင်းခွင့် ပါမစ်လျှောက်ထားသည့် အစီးရေနှင့် စျေးကွက်အတွင်းဝင်ရောက်လာမည့် ၁၉၉၈ မိုဒယ်နှင့် အောက်ကားများ အပေါ်တွင် မူတည်နေပါသည်။

ဇန်နဝါရီလဆန်းပို်င်းတွင် သက်တမ်းနှစ်နှစ်ဆယ်အမည်ပေါက် စလစ်စျေးသည် ကျပ်သိန်း ၁၂၀ အထိ ကျဆင်းသွားသကဲ့သို့ အမည်မပေါက်စလစ်သည် ကျပ် ၁၁၃ သိန်းဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ်သိန်း ၁၁၀ ဝန်းကျင်နှင့် တက္ကစီစလစ်သည် ကျပ် ၁၁၅ သိန်း ဝန်းကျင်တို့ ပေါက်စျေးရှိခဲ့ကြောင်း သိရပါသည်။

ကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Toyota Alphard YGN 2003 355
၂ Toyota Wish YGN 2011 340
၃ Toyota Axio - 2013 280
၄ Daihatsu Hijet BGO 2012 110
၅ Toyota Probox BGO 2012 180
၆ Honda Fit - 2011 230
၇ Honda Insight MDY 2012 240
၈ Toyota Land Cruiser YGN 2010 1930
၉ Toyota Ractis BGO 2012 185
၁၀ Toyota Harrier YGN 2004 465

 

Read 7833 times