ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော ကားများ ယခုနှစ်အတွင်း အများအပြားဝင်ရောက်လာခြင်းကြောင့် ရွေးချယ်စရာများလာပြီး ကားအရောင်းအဝယ် ဈေးကွက်တွင် ၁၃၀၀ စီစီ ဂျပန်ညာမောင်းအရောင်းကားများလည်း ထွက်ပေါ်လာကြောင်း သိရသည်။
ကျပ်သိန်း ၁၅၀ မှ နှစ်ရာကြား နံပါတ်ထွက်ပြီးသား ညာမောင်းကားများမှာ အရောင်းအဝယ်ဖြစ်သော်လည်း ကျပ်သိန်း သုံးရာအထက် ညာမောင်းကားများမှာ အရောင်းအဝယ် ငြိမ်သက်နေသည်။
YVQC စနစ်ထွက် ပေါ်မလာသေးခြင်းကြောင့် ပြည်ပမှ တင်သွင်းသော Brand New ကားသစ်များမှာ အရောင်းအဝယ်အေးနေပြီး လက်ရှိတွင် ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော ကားများမှာ ဈေးကွက်ကို ဆက်လက်ဦးဆောင်နေသည်။
SKD ကားများထဲတွင်လည်း Suzuki Myanmar မှ ထုတ်လုပ်သည့် ကားများမှာ ဈေးကွက်အကြိုက်ဖြစ်ပြီး အရစ်ကျစနစ်ဖြင့် ခုနှစ် နှစ်အထိ ဝယ်ယူနိုင်သောကြောင့် အားသာချက် ပိုမိုရရှိနေသည်။
ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 5Q/6964 နှင့် HH/4010 သို့ ရောက်ရှိနေပြီဖြစ်သည်။