သင်္ကြန်ကာလနီးလာ၍ နံပါတ်ထွက်ပြီးသား ၁၃၀၀ စီစီ ကားများနှင့် ၆၆၀ စီစီ မီနီထရပ်ကားများ အရောင်းအဝယ် လိုက်နေသော်လည်း ပြည်ပမှတင်သွင်းသော Brand New ကားများနှင့် ပြည်တွင်းထုတ် SKD ကားများမှာ အရောင်းအဝယ် အေးနေပါတယ်။
ပြည်ပမှ တင်သွင်းသည့် Brand New ကားများမှာ ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူခွင့်မရသေးသလို ရန်ကုန်လိုင်စင်ရရှိရန် စလစ်ကပ်မည်ဆိုပါက ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ဈေးလည်း မြင့်တက်နေသောကြောင့် အရောင်းအဝယ်အေးနေပါတယ်။ ဈေးကွက်အကြိုက် ဂျပန်ညာမောင်း ကားဟောင်းများသာ အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီး ကားများသာ အဝယ်ပိုလိုက်နေပါတယ်။ အမြင့်ကားဈေးကွက်တွင် Toyota Vanguard ၊ Toyota Kluger ၊ Toyota Harrier ၊ Toyota Land Cruiser တို့ တစ်စီးစ၊ နှစ်စီးစ အရောင်းအဝယ် ဖြစ်နေပါတယ်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 5Q/4254 နှင့် HH/4005 သို့ရောက်ရှိနေပြီဖြစ်ပါတယ်။