အန္တရာယ်ဇုန် သတိပေးချက် Waze စမ်းသပ်


အန္တရာယ်ဇုန် သတိပေးချက် Waze စမ်းသပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Waze သည် အန္တရာယ်ဇုန်သို့ ရောက်သည့်အခါ အက်ပ်သုံးစွဲသူကို သတိပေးမည့် သတိပေးချက်များကို စမ်းသပ်နေသည်။


Waze သည် ယာဉ်တိုက်မှု ဖြစ်နိုင်ခြေများသောနေရာများတွင်  မောင်းနှင်သည့်အခါတွင်ယာဉ်မောင်းကို သတိပြုမိစေရန် သတိပေးမည့် လုပ်ဆောင်ချက်အင်္ဂါရပ်အသစ်ကို စမ်းသပ်နေခြင်း ဖြစ်ပါသည်။ 

Waze Danger Zone indicator UI

Google Maps နှင့် Apple Maps သည် အများအားဖြင့် လမ်းညွှန်ဆော့ဖ်ဝဲလ်နှင့်ပတ်သက်လာလျှင် ရှေ့သုိ့ ရောက်ပြီးနှင့် အချက်အချာ ဖြစ်နေသော်လည်း Waze ကိုသာ အသုံးပြုလိုသော သုံးစွဲသူများလည်း ရှိနေသည်။
 
Waze လမ်းပြအက်ပ်တွင် တမူထူးခြားသော ပင်ကိုယ် အရည်အချင်းများ အများအပြား ရှိနေသည်။ လမ်းညွှန်ကို ပြောပြပေးရန် နာမည်ကြီး စဲလီအချို့ကို သုံးထားသည်။ သုံးစွဲသူများထံမှ နေ့စဉ်နှင့်အမျှ ပေးပို့နေသည့် အချက်အလက်များဖြင့် မြေပုံကို ပိုကောင်းသွားအောင် နေ့စဉ်‌ေန့တိုင်း မွမ်းမံပေးနေသည်။
ယခု အန္တရာယ်ဇုန် သတိပေးချက်ကို စမ်းသပ်နေသည်။ 
"အန္တရာယ်ဇုန်" ဟု ဆိုရာ၌ ယာဉ်တိုက်မှု၊ လမ်းချော်ခြင်း၊ တိမ်းမှောက်ခြင်း အစရှိသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် လမ်းပိုင်းကို ဆိုလိုသည်။
"အန္တရာယ်ဇုန်"ကို မြေပုံတွင် အနီရောင်ဖြင့် ပြသ‌ပေးထားမည်ဖြစ်ပြီး "အန္တရာယ်ဇုန်" အနီးသို့ ရောက်ရှိချိန်တွင် အသိပေးချက် notification ပေးမည် ဖြစ်သည်။
ထိုသို့ အသိပေးသည်ကို လက်ခံကြိုဆိုသူများ ရှိမည်။ စိတ်ဖိစီးမှု ပေးသည်ဟု ယူဆသူများလည်းရှိမည်။ သို့ဖြစ်ရာ "အန္တရာယ်ဇုန်" လုပ်ဆောင်ချက် မလုပ်ရန် ပိတ်ထားနိုင်အောင်လည်း စီစဉ်ပေးထားသည်။
ယခုအခါ ဘီတာ beta အဆင့် စမ်းသပ်နေပြီး များမကြာခင်မှာ update တွင် ပါလာမည် ဖြစ်သည်။ 
Waze ကို Google က ဝယ်ယူပိုင်ဆိုင်ထားပြီး စရိတ်စက သက်သာစေရန် Google ၏ Maps အဖွဲ့နှင့် Waze အဖွဲ့တို့ကို ပေါင်းစည်းထားသည်။ 
Source: Geektime

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 180 times