ဆီစားနှုန်းချွေတာနိုင်မယ့်နည်းလမ်းများ


ဆီစားနှုန်းချွေတာနိုင်မယ့်နည်းလမ်းများကို ဖော်ပြအပ်ပါတယ်။

အင်ဂျင်စွမ်းဆောင်ရည်ထိန်းသိမ်းပါ

အင်ဂျင်စွမ်းဆောင်ရည်အပြည့်သုံးစွဲခြင်းကဆိစားစေတဲ့အဓိကအချက်ဖြစ် ပါတယ်။အဲဒါကြောင့်မလိုအပ်ဘဲအရှိန်မြင့်မောင်းနှင်တာကိုလျော့ချမယ်ဆိုရင် သင့်ကားရဲ့ဆီစားနှုန်းကို ၄ရာခိုင်နှုန်းလျော့ချပေးပါလိမ့်မယ်။

တာယာလေဖိအားကိုထိန်းသိမ်းပါ

တာယာလေဖိအားနည်းလာရင်ကားရဲ့အင်ဂျင်ကပိုပြီးရုန်းကန်ရပါတယ်။ အင်ဂျင်ကပိုပြီးရုန်းကန်ရရင်ဆီနှုန်းပိုများလာစေပါတယ်။အဲဒါကြောင့်တာယာရဲ့လေဖိအားနဲ့ဆီစားနှုန်းကပြောင်း ပြန်အချိုးကျစေပါတယ်။တာယာရဲ့လေဖိအားကိုအမြဲစစ်ဆေးထိန်းသမ်းခြင်းဖြင့်ဆီစားနှုန်းကို၃.၃ရာခိုင်နှုန်း လျော့ချနိူင်ပါတယ်။

သတ်မှတ်အင်ဂျင်ဝိုင်ကိုသုံးပါ

ကားအင်ဂျင်အမျိုးအစား၊အင်ဂျင်အရွယ်အစားအလိုက်သတ်မှတ်ထားတဲ့အင်ဂျင် ဝိုင်ကိုသုံးစွဲရပါမယ်။အင်ဂျင်ဝိုင်မကောင်းရင်ဆီပိုကုန်ပါတယ်။အဲဒါကြောင့် မိမိကားနဲ့သင့်တော်တဲ့အင်ဂျင်ဝိုင်ကို ရွေးချယ်သုံးစွဲခြင်းဖြင့်ဆီစားနှုန်းကို ၁ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းအထိလျော့ချနိူင်ပါတယ်။

လေစစ်ကိုသန့်စင်ပါ

လေစစ်မှာဖုန်မှုန့်နဲ့အမှိုက်တွေရှိနေရင်အင်ဂျင်ကလေရှိုက်အားပိုသုံးရပါတယ်။ဆီပိုကုန်စေ ပါတယ်။အဲဒါကြောင့်လေစစ်ကိုအနည်းဆုံးတစ်ပတ်ခါသန့်စင်ပေးခြင်းဖြင့်ဆီစားနှုန်းကိုလျော့ချနိူင်ပါတယ်။

ဆီတိုင်ကီကိုလုံခြုံစွာပိတ်ထားပါ

စက်သုံးဆီဖြည်ပြီးရင်ဆီတိုင်ကီအဖုံးကိုလုံခြုံအောင်ပိတ်ထားဖို့လိုအပ်ပါတယ်။ လောင်စာဆီတွေကအငွေ့ပြန်ပျောက်ကွယ်နိူင်တဲ့စွမ်းရည်ရှိတဲ့အတွက်ဆီတိုင်ကီအဖုံးတွေကိလုံခြုံအောင်ပိတ်ထားခြင်းဖြင့်ဆီစားနှုန်းကိုလျော့ပေးနိူင်ပါတယ်။

နောက်ဆုံးသိထားသင့်တဲ့အချက်ကတော့ Oxygen Sensor ပါတဲ့ကားတွေကမပါတဲ့ကားတွေထက်ဆီစားနှုန်း ၄၀ရာခိုင်နှုန်းသက်သာပါတယ်။အဲဒါကြောင့်ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ Oxygen Sensor ကိုဖြုတ်မပစ်သင့် ဘဲ Sensor လုပ်ဆောင်ချက်မှန်၊မမှန်ကိုလာည်းအမြဲမပြတ်စစ်ဆေးပေးသင့်ပါတယ်။

Read 162 times