ရေထိုးသွင်းခြင်း (Water Injection) ကနေ အင်ဂျင်ပါဝါမြင့်လာမယ်ဆိုတာ…….


တာဘိုအင်ဂျင်ကို ဘယ်လိုမျိုးထပ်လုပ်လိုက်ရင် အင်ဂျင်ပါဝါထပ်တိုးလာမယ်ဆိုတာ ရေရေရာရာသိတဲ့သူတွေ တောင်မှ ဟုတ်ပါ့မလားလို့ဖြစ်သွားစေမှာအမှန်ပါ။

BMW M4 GTS ဆိုတာကတော့ BMW M4 ထက်ပိုပြီးစွမ်း ဆောင်ရည်ကောင်းတဲ့ ကားပေါ့။ ဒီကားကိုဘယ်လိုမျိုးလုပ်လိုက်လို့ အင်ဂျင်ပါဝါပိုတိုးသွားလဲဆိုတာ လေ့လာကြည့်လိုက်ရင် ခေါင်းစဉ်ကိုရှင်းသွားပါလိမ့်မယ်။ M4 မှာတော့ twin turbo six-cylinder 3.0 liter အင်ဂျင်ကိုသုံးပေထားပြီး မြင်းကောင်ရေ ၄၂၅ကောင်အားကိုရရှိစေခဲ့ပါတယ်။

GTS မှာတော့ ဒီအင်ဂျင်ပဲဖြစ်ပေမယ့် မြင်းကောင်ရေ ၄၉၃ ကောင်ဖြစ်သွားပါတယ်။ တာဘိုစွမ်းအင်တက်လာမယ်၊ ဒါပေမယ့် မီးသံခေါက်တာတို့ ယုံကြည်စိတ်ချရမှုပိုင်း ကျသွားတာမဖြစ်စေမယ့် Win-Win situation နှစ်ဖက်လုံးအတွက်အကျိုး ရှိစေမှုကို ပေါင်းခံထားတဲ့ရေကဆောင်ကျဉ်းပေးလာမှာပါ။ ဒါကိုတော့ Bosch ကနေထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

အင်ဂျက်တာ ၃ ခုရဲ့ချိတ်ဆက်မှုနဲ့အတူ အင်ဂျင်ခန်းထဲသို့ရောက်သွားပြီးမကြာခင်မှာပဲ ငွေရည်ပံျသွားမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ အင်ဂျင်ခန်းတွင်းရဲ့လေထုအပူချိန်ကို လျှော့ချပေးပြီးလေထုသိပ်သည်းဆကို ပိုမို မြင့်မားလာစေမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ internal-combustion engine တွေအတွက် ပိုမိုကောင်းမွန် တဲ့စွမ်းဆောင်ရည်တွေကို ထုတ်ပေးနိုင်စေမှာဖြစ်ပါတယ်။

ယခုလို water-injection system ကိုသုံးပြီး compression ratio ကိုလည်းမြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် intercooler ပေါ်ကိုရေဖြန်းပြီး တာဘိုစွမ်းဆောင်ရည်ပိုတက်လာအောင်လုပ်တဲ့နည်းလည်းရှိပါသေးတယ်။ နောက်ထပ်အံ့သြစရာကတော့ အဆိုပါ water injection စနစ်တွေက တစ်ချိန်တုန်းကနည်းဟောင်းကြီးတွေပဲဆိုတာပါ…...။

Automobile Directory

Read 3413 times