ဓာတ်ဆီနှင့် ရေတို့ဖြင့် ကားအင်ဂျင် မောင်းနှင်ခြင်းသည် အသစ်အဆန်း မဟုတ်ဟု ပြောကြား


ဓာတ်ဆီနှင့် ရေတို့ဖြင့် ကားအင်ဂျင် မောင်းနှင်ခြင်းသည် အသစ်အဆန်း မဟုတ်ဟု ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းအစိုးရ အဖွဲ့အစည်း နှစ်ခုမှ တာဝန်ရှိသူများသည် ရေနှင့် ဓာတ်ဆီသုံး အသုံးပြု၍ ကားအင်ဂျင်ကို လည်ပတ်စေသည့် တီထွင်ဆန်းသစ်မှုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး စူးစမ်းလေ့လာခဲ့ကြသည်။

 

 

ထိုင်းနိုင်ငံ ရယောင်းပြည်နယ်မှ အသက် ၅၆ နှစ်အရွယ် အမျိုးသား စက်ဆရာ Poomin Ratsami က သူ့ဆီဒင်ကားမှ ဓာတ်ဆီအင်ဂျင်ကို ရေမှုန်ရေမွှား ထည့်ပေးပြီး မောင်းနှင်နိုင်အောင် တီထွင်ဆန်းသစ်ထားသည်ကို  ထိုင်းနိုင်ငံ အမျိုးသားသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ National Science and Technology Development Agency (NSTDA) မှ လာရောက်လေ့လာသူတို့က ကားကို စမ်းသပ်မောင်းနှင်ကြည့်ခဲ့ကြသည်။

 

 

 

 

Poomin သည် စက်ပြင်ဆရာအဖြစ် ပညာသင်ကြားပြီးနောက် စက်ရုံတခုတွင် အလုပ်ဝင်ခဲ့သည်။ သူက ရေကို မော်တော်ကားများတွင် ဖြည့်စွက်လောင်စာအဖြစ် သုံးနိုင်ခြေကို လေ့လာခဲ့သည်။

နှစ်ပေါင်း ၂၀  နီးပါး လေ့လာမှုများနှင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အောင်မြင်မှု ရရှိခဲ့သည်။ 

အင်ဂျင်ကို ဓာတ်ဆီဖြင့် စက်နှိုးထားစဉ် ရေကို အင်ဂျင်ထဲသို့ ရေခိုးရေငွေ့ အခြေအနေဖြင့် ထည့်ပေးသည်။ ထိုအခါ အင်ဂျင် ပါဝါ တက်သွားသည်။ အိပ်ဇောပိုက်မှ ရေများသာ ထွက်ကျသည်။ 

ဆီစားသက်သာစေသည့်အပြင် ညစ်ညမ်းဓာတ်ငွေ့များ အိပ်ဇောမှ ထုတ်လွှတ်မှုလည်း လျော့နည်းစေသည်။

ထိုအကြောင်း လူမှုကွန်ရက်များ၊ ဝဘ်ဆိုက်များတွင် သတင်းပျံ့နှံ့သွားခဲ့ရာ၌ ဓာတ်ဆီတိုင်ကီထဲ ရေထည့်မောင်းသည်ဟု နားလည်မှု လွဲမှားခြင်းများ ရှိလာသဖြင့် NSTDA မှ ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါသည်။ 

 

စက်ပြင်ဆရာသည် ရေထိုးကျွေးသည့် နည်းစနစ်ကို  အသုံးပြုထားခြင်းဖြစ်ကြောင်း NSTDA မှ ပြောကြားခဲ့သည်။ ၎င်းနည်းလမ်းသည် နည်းပညာ အသစ်အဆန်း မဟုတ်ကြောင်း၊ အင်ဂျင် အပူချိန် လျော့ကျစေခြင်းဖြင့် အင်ဂျင် စွမ်းအားကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း NSTDA က ရှင်းပြသည်။

 

ရေထိုး‌ကျွေးသည့် နည်းစနစ်ကို အသုံးပြုလျှင် နိုင်နိုင်နင်းနင်း ထိန်းကျောင်းပေးနိုင်ရန် လိုအပ်သည့်အပြင် အံကိုက်အတိအကျဖြစ်အောင် ကောင်းစွာချိန်ညှိရန် လိုအပ်ကြောင်း၊ ထိုသို့မဟုတ်ပါက အင်ဂျင် ပျက်စီးသွားနိုင်ကြောင်း NSTDA က သတိပေးထားသည်။

 

အဆိုပါနည်းလမ်းကို ပြိုင်ကားသမားများက ၎င်းတို့၏ ပြိုင်ကားကို အရှိန်မြှင့်တင်ရန် အသုံးပြုခဲ့ကြသည်မှာ ကြာပြီဖြစ်ကြောင်း NSTDA က ပြောကြားသည်။

 

 

ရေကို ဆီတိုင်ကီထဲ ဓာတ်ဆီနှင့်အတူ ရောထည့်ခြင်း မဟုတ်ဘဲ သီးခြား ထည့်စရာဘူးဖြင့် ထားရှိရကြောင်း၊ အင်ဂျင်က ယူသည့် လေတွင် ရေကို အမှုန်အမွှားအဖြစ်ဖြင့် ရောထည့်ပေးကြောင်း၊ သို့မဟုတ် ရေအမှုန်အမွှားကို အင်ဂျင်ထဲသို့ တိုက်ရိုက် ထိုးကျွေးနိုင်ကြောင်း NSTDA က ပြောကြားသည်။

ရေအမှုန်အမွှားများသည် အင်ဂျင်တွင် ဖြစ်ပေါ်နေသည့် အပူကို စုပ်ယူပြီး အငွေ့အဖြစ်သို့ ပြောင်းလဲသည်။ ထိုအခါ အင်ဂျင် အပူချိန်ကျသွားသည်။ သို့ဖြစ်ရာ ပိုမိုသိပ်သည်းသောလေကို ရယူသည်။ ထိုအခါ အောက်ဆီဂျင် ပိုများများ အင်ဂျင်ထဲ ရောက်ရှိသဖြင့် အင်ဂျင်အတွင်း မီလောင်ပေါက်ကွဲသည့် ဖြစ်စဉ် အားပိုကောင်းသွားသည်။ အင်ဂျင် စွမ်းအား မြင့်တက်သွားသည်။

ထိုးကျွေးသည့် ရေသည် ရေမှုန်ရေမွှားများသာ မဟုတ်ဘဲ ရေစက်ရေပေါက် ပါဝင်လျှင် အင်ဂျင် လည်ပတ်မှု မမှန်တော့ချေ။ ထို့ပြင် အင်ဂျင်ကို ထိခိုက်စေသည်။ အင်ဂျင်ထဲ ရေအကြွင်းအကျန် ရှိသွားစေပြီး သံချေးတက်မည် ဖြစ်သည်ဟု NSTDA က သတိပေးသည်။

 

ခေတ်ပေါ်အင်ဂျင်များသည် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် နည်းပညာသစ်များဖြင့် ကောင်းစွာ ချိန်ညှိထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ရေမှုန်ရေမွှား ထိုးကျွေးသည့် နည်းလမ်းကို သုံးစွဲဖို့ မလိုကြောင်း NSTDA က ပြောကြားသည်။

 

Source thenationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 273 times