VW နှင့် Xpeng ပူးပေါင်းထုတ်လုပ်မည့် ပထမဆုံးကားသည် လျှပ်စစ် SUV ဟု ပြောကြား


VW နှင့် Xpeng ပူးပေါင်းထုတ်လုပ်မည့် ပထမဆုံးကားသည် လျှပ်စစ် SUV ဟု ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျာမန်ကားထုတ်လုပ်သူ Volkswagen နှင့် တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူ XPeng  တို့ အတူတကွ ဖန်တီးထုတ်လုပ်မည့် ပထမဆုံးကားသည် လျှပ်စစ် SUV ကားဖြစ်မည်ဟု ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၉) တွင် ပြောကြားပါသည်။

 

 ပလက်ဖောင်းနှင့် ဆော့ဖ်ဝဲလ်တုိ ပူးပေါင်းဆောင်ရွက်မှုအတွက် "မာစတာ သဘောတူညီချက်" အရ  ၎င်းတို့ အသုံးပြုသော ပလက်ဖောင်းများနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ ပေါင်းစပ် သုံးစွဲခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာအောင် ဆောင်ရွက်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

 

Volkswagen သည် Xpeng နှင့် ပူးပေါင်းရန် Xpeng ရှယ်ယာ ၄၉%ကို ဇူလိုင်လတွင် ကန်‌ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူခဲ့ရာ ဝယ်ယူသည့် ကိစ္စအဝဝ ဒီဇင်ဘာလတွင် ပြီးမြောက်ခဲ့ပါသည်။ 

၂၀၂၆ ခုနှစ်တွင် အီးဗီမော်ဒယ် ၂ မျိုး ထုတ်လုပ်ရန် ရည်မှန်းချက် ထားရှိပါသည်။

 

ယခုလို ပူးပေါင်းလုပ်ဆောင်သည့်အတွက် ကုန်ကျစရိတ် သက်သာသည့်အပြင် မော်ဒယ်အသစ် ဖွံ့ဖြိုးထုတ်လုပ်ရန် ကြာချိန်ကို ၃၀% လျော့ကျစေသည်ဟု Volkswagen က ပြောကြားသည်။

 

"ကမ္ဘာ့အကြီးဆုံးနှင့် အလျင်မြန်ဆုံးကြီးထွားလာသော EV စျေးကွက်တွင်၊ မြန်ဆန်ဖို့ အခြေခံအားဖြင့် လိုအပ်ပါသည်" ဟု Volkswagen က ကြေညာချက်တွင် ဖော်ပြသည်။

 

ပူးတွဲ ထုတ်လုပ်သည့် ကားမော်ဒယ်များကို VW လိုဂို တပ်မည် ဖြစ်သည်။ 

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 172 times