စိတ်ဝင်စားမှု ရေချိန်မြင့်မားစေမယ့် တကျော့ပြန် Scout 


စိတ်ဝင်စားမှု ရေချိန်မြင့်မားစေမယ့် တကျော့ပြန် Scout 

၂၀၂၂ ဧပြီလမှာ VW Group ရဲ့  ထိုစဉ်က စီအီးအို ဖြစ်သူ Herbert Diess က VW Group အနေဖြင့် အမေရိကန်မှ ကားဝယ်စီးသူများကို အလေးအနက်ထားပြီး ဂရုပြုပေးခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

နောက်လတွင်  VW Group က အမေရိကန်‌ဈေးကွက်အတွက် Scout အမည်တံဆိပ်ကို ပြန်လည်အသက်သွင်းကြောင်း  ကြေညာပါတယ်။ 

ထိုအပြောင်းအရွှေ့ဟာ အမေရိကန်ဈေးကွက်ထဲမှာ  မော်တော်ကားများ ပိုမိုရောင်းချရန် Volkswagen ရဲ့ရည်ရွယ်ချက်နှင့် သက်ဆိုင်နေပါတယ်။ 

 VW Group မှ ထုတ်ပြန်တဲ့ ဗီဒီယိုမှာ Scout အမှတ်တံဆိပ်ကို ပြန်လည်အသက်သွင်းပေးခြင်းဖြင့် အမေရိကန်များက VW ရဲ့ ကားများကို ပိုမိုဝယ်ယူကြစေရန်အတွက် Scout ကို အသက်ပြန်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ကုမ္ပဏီမှ ရှင်းပြထားပါတယ်။ 

ရည်မှန်းချက်မှာ စျေးကွက်ဝေစု ၁၀ ရာခိုင်နှုန်းရရှိရန် ဖြစ်ပါတယ်။ 

အမေရိကန်မှာ Scout အမှတ်တံဆိပ်ရဲ့  အထင်ကရ အခြေအနေက ကုမ္ပဏီ ရည်မှန်းချက်အောင်မြင်အောင် အထောက်အကူ ပြုပေးလိမ့်မယ်လို့ VW က ယုံကြည်ပါတယ်။

 "Volkswagen  က အမေရိကန်မှာ အောင်မြင်မှုများ ပြန်လည်ရရှိလာပြီးတဲ့ နောက်မှာ  EV များအတွက် ဝယ်လိုအား သိသိသာသာ ကြီးထွားလာနေတဲ့ အမေရိကန်စျေးကွက်ထဲမှာ VW ရဲ့ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန် အခွင့်အလမ်းကို ရယူပါတယ်" လို့ Diess က ပြောကြားပါတယ်။ 

လျှပ်စစ်ဖြင့် မောင်းနှင်ခြင်းဆီသို့ အကူးအပြောင်းမှာ ဆွဲဆောင်မှု မြင့်မားနေတဲ့ SUV နှင့် ပစ်ကပ်ထရပ် တို့ကို တစ်အုပ်စုအဖြစ် သတ်မှတ်ပြီး ဈေးကွက်ထဲ မောင်းဝင်မှာ ဖြစ်ပါတယ်။ 

Scout တံဆိပ်ကို အမေရိကန်တွင်ရောင်းချမယ့်  လျှပ်စစ် SUV များနှင့် ထရပ်ကားများအတွက် VW ရဲ့  တံဆိပ်တစ်ခုအဖြစ် သုံးစွဲမှာ မဟုတ်ဘဲ တသီးတခြား ရပ်တည်တဲ့ တံဆိပ်ပြား nameplate အဖြစ် ထားရှိမှာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုမှအစ အမေရိကန်မှာ သီးခြားထားရှိမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စီအီးအို ခန့်ထားမှာ ဖြစ်ပြီး Scott Keogh ကို Scout ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီအီးအိုအဖြစ် တာဝန်အပ်နှင်းထားပါတယ်။

Scout ကို လျှပ်စစ်ကား လမ်းကြမ်းမောင်း SUV နှင့် လမ်းကြမ်းမောင်း ပစ်ကပ် မော်ဒယ်များဖြင့် ၂၀၂၆ မှာ စတင်ထုတ်လုပ်ဖို့ လျာထားပါတယ်။ 

တစ်နည်းပြောရရင် လမ်းကြမ်းမောင်းအီးဗီအဖြစ် Scout ကို ပြန်လည်မွေးဖွားမှာ ဖြစ်ပါတယ်။

SUV ခေတ်ထနေလို့  GM Hummer, Ford Bronco,  Chevy Blazer တို့ SUV ထုတ်လုပ်ပြီး အောင်မြင်မှုများ ရရှိပြီးတဲ့နောက်မှာ International Harvester Scout ကလည်း လျှပ်စစ် SUV အဖြစ် လမ်းကြမ်းတွေပေါ်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

VW က SUV နှင့် ပစ်ကပ်ထရပ် ပုံကြမ်းကို တင်ပြခဲ့ပါတယ်။ 

 VW Group  က Scout အမည် သုံးစွဲပိုင်ခွင့်ကို ပိုင်ရှင်ဖြစ်သူ Navistar ထံမှ ဝယ်ယူခဲ့ပါတယ်။  

Navistar က nternational Harvester ကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှာ ထူထောင်ခဲ့ပြီး Scout က ၎င်းရဲ့ ကား brand တစ်ခု ဖြစ်ပါတယ်။

မူလလက်ဟောင်း ၁၉၇၀-၈၀ International Harvester Scout 

ခေတ်ပေါ် Scouts ကို အမေရိကန်နိုင်ငံမှာ ဒီဇိုင်းထုတ်၊ အမေရိကန်မှာ ထုတ်လုပ်မှာ ဖြစ်ပြီး အမေရိကန်ဈေးကွက်ကို စူးစိုက်မှာ ဖြစ်ပါတယ်။

#MyanmarAutomobileGuide 

 Telegram Channel https://t.me/Guid4U

Source: motorauthority.

Read 538 times