VW ဝန်ထမ်းဟောင်းတို့ ထုတ်လုပ်သည့် တန်းမြင့်အီးဗီ BeyonCa စီးရေ ၁ သိန်း ရောင်းချရန် ရည်မှန်းထား


VW ဝန်ထမ်းဟောင်းတို့ ထုတ်လုပ်သည့် တန်းမြင့်အီးဗီ BeyonCa စီးရေ ၁ သိန်း ရောင်းချရန် ရည်မှန်းထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

BeyonCa သည် Volkswagen Group တွင် ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖူးသူ Soh Weiming (Su Weiming) ဦးစီးထုတ်လုပ်သည့်  အဆင့်မြင့် လျှပ်စစ်ကားအမှတ်တံဆိပ်တစ်ခုဖြစ်သည်။
ယမန်နှစ်က ပထမဆုံးမော်ဒယ်ကို မိတ်ဆက်ပြသခဲ့သည်။ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း စီးရေ တစ်သိန်း ရောင်းချရန် ရည်မှန်းထားသည်။ တန်းမြင့် လျှပ်စစ်ကားဈေးကွက် အပိုင်းအကန့်တွင်  Porsche ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

BeyonCa လိုဂို

 

 

BeyonCa ကို Soh Weiming နှင့် Christian Klinger တို့မှ ၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ယခင်က Volkswagen တွင် ရာထူးကြီးကြီးများကို ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ ၎င်းတို့နှင့်အတူ VW နှင့် Daimler တို့မှ ဝန်ထမ်းအချို့ ပူးပေါင်းပါဝင်ကြသည်။ 
BeyonCa မိတ်ဆက်ပွဲကို ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ကျင်းပခဲ့သည်။
 


အဦးဆုံးမော်ဒယ်မှာ GT Opus 1 ဖြစ်သည်။ ရောင်းဈေး ယွမ် ၁ သန်း($145,000) မှ စတင်သည်။ 
ကိုယ်ထည်အလျားမှာ ၅.၂ မီတာ ရှိပြီး ခါးအလျားမှာ ၃ မီတာ ဖြစ်သည်။ 130-kWh ဘက်ထရီ သုံးထားပြီး 300-kW DC charging သုံးနိုင်သည်။ 
၂၀၂၄ ခုနှစ်တွင် စတင်ထုတ်လုပ် ရောင်းချမည်။
Dongfeng က GT Opus 1 ကို တာဝန်ယူ ထုတ်လုပ်ပေးမည်။

Source: BeyonCa

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

..

Read 240 times