VW လိပ်ခုံးကား အီးဗီ မျှော်လင့်ချက် စီအီးအို ရှင်းလင်းပြောကြား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Volkswagen က တစ်ချိန်တစ်ခါက ကြိုက်နှစ်သက်သူ များပြားခဲ့သည့် ပေါင်မုန့်ကား Microbus ကို အီးဗီအဖြစ် ID.Buzz ကို ထုတ်လုပ်သည်။
Volkswagen သည် တစ်ချိန်က အရူးအမူး ဖြစ်ခဲ့ကြရသည့် လိပ်ခုံးကား Beetle ကိုလည်း လျှပ်စစ်ကားအဖြစ် ထုတ်လုပ်နိုင်သည်ဟု မျှော်လင့်ကြသည်။
Volkswagen စီအီးအို Thomas Schäfer က Autocar မီဒီယာနှင့် အင်တာဗျူးတွင် Autocar က လိပ်ခုံးကား အီးဗီ မျှော်လင့်ချက်ကို မေးမြန်းခဲ့သည်။
Volkswagen တွင် အစဉ်အလာရှိပြီး အောင်မြင်ခဲ့သော ကားမော်ဒယ်များ ရှိနေသည်။ ၎င်း မော်ဒယ်များထဲတွင် Golf နှင့် Tiguan တို့သည် လျှပ်စစ်ကားမော်ဒယ်များအဖြစ် ထုတ်လုပ်မည်ဟု စီအီးအိုက ပြောကြားသည်။
ပေါင်မုန့်ကား Microbus ကို အီးဗီအဖြစ် ID.Buzz ကို တကျော့ပြန်စတိုင်ဖြင့် ထုတ်လုပ်ခဲ့သည်။
သို့သော် လိပ်ခုံးကား Beetle ကို အီးဗီအဖြစ် ထုတ်လုပ်ဖို့ ဖြစ်နိုင်ခြေ အလွန်နည်းသည်ဟု ၎င်းက ဖြေကြားခဲ့သည်။
"Beetle ကို အီးဗီအဖြစ် မထုတ်လုပ်ပါဘူးလို့ ကျွန်တော်က ၁၀၀% သေချာတယ်လို့ မပြောပါဘူး။ ဒါပေမဲ့ အခု ကျွန်တော်ာ် ရပ်တည်နေတဲ့ နေရာမှာတော့ ပြန်လည်ထုတ်လုပ်ဖို့ ကျွန်တော် ထည့်စဉ်းစားမှာ မဟုတ်ဘူး" ဟု Schäfer က ပြောကြားသည်။
Volkswagen Scirocco ကဲ့သို့ပင် Beetle သည်လည်း သူ့ခေတ်သူ့အခါ ရှိခဲ့သည်။ သို့သော် Beetle ကို အစားထိုးဖို့ မော်ဒယ်ကို ဖန်တီးခဲ့ကြသည်။ သို့ဖြစ်ရာ Beetle ဆီသို့ ပြန်သွားဖို့ ခဲယဉ်းသည်။
Volkswagen သည် လိပ်ခုံးကားကို Golf ဖြင့် အစားထိုးခဲ့သည်။
ယခုခေတ် ယခုအခါသည် SUV ဖြစ်နေသည်။ လိပ်ခုံးကားကို အီးဗီအဖြစ် ထုတ်လုပ်လျှင် ကုန်ကျစရိတ်အတွက် ရင်းနှီးမြှုပ်နှံမည့်အစား SUV ကိုသာ ရင်းနှီးမြှုပ်နှံမည်ဟု Schäfer က ရှင်းပြသည်။
ကြမ်းပြင်တွင် ဘက်ထရီ ထုပ်ကို ထားရှိရာ၌ ခါးအလျားရှည်မှ ဘက်ထရီ အထူ လျော့ကျသည်။ လိပ်ခုံးကားသည် ခါးအလျားတိုနေသဖြင့် ဘက်ထရီ အထူ ကြီးမားနေမည်။ တံခါး ၂ ပေါက် လိပ်ခုံးကားသည် အချိုးအစား ကျနတော့မည် မဟုတ်ဟု Schäfer က ရှင်းပြသည်။
Chevy Equinox EV သည် ခါးအလျား တိုသည်။ သို့ဖြစ်ရာ ဘက်ထရီ အထူ ကြီးမားနေသည်။ ထိုအချက်ကို မသိသာစေရန် ကားဘီးကို ၁၉ လက်မ အရွယ်အစား သုံးထားရသည်။
Chevy Equinox EV
သို့ဖြစ်ရာ ဘက်ထရီနည်းပညာများ တိုးတက်ကောင်းမွန်လာပြီး ဘက်ထရီအထူ အရမ်းမထူဘဲ ဘက်ထရီထုပ်ကို ထုတ်လုပ်နိုင်ကြသည့်အခါ Beetle ကို ထုတ်လုပ်ဖို့ အဆင်ပြေသွားမည်။ ဘက်ထရီထုပ်က သေးသော်လည်း ခရီးတာ အနည်းဆုံး မိုင် ၃၀၀ ကို သွားနိုင်စေမည် ဖြစ်သည်။
လက်ရှိတွင် အဖြစ်နိုင်ဆုံး ဘက်ထရီမှာ solid-state battery SSB ဖြစ်သည်။ လောလောဆယ်တွင် SSB သည် ဖွံ့ဖြိုးဆဲ အဆင့်မှာသာ ရှိနေသေးတယ်။ SSB ၏ အဓကပြဿနာမှာ အားသွင်းအားထုတ် ကြိမ်ရေ ရာဂဏန်းမှာ ငုတ်တိုင်များ ချောင်ပြီး ကျွတ်ထွက်ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ SUV ခေတ် ဖြစ်နေခြင်းနှင့် ဘက်ထရီ အဆင်မပြေခြင်းတို့ကြောင့် လိပ်ခုံးအီးဗီများ လမ်းပေါ် ရောက်မလာနိုင်သေးချေ။