မြန်မာပြည်မှာ လိပ်ခုံးကားလို့ ချစ်စနိုးခေါ်ကြတဲ့ VW Beetle ကားရဲ့ VW Beetle RSI ဟာ အမြန်ဆုံး လိပ်ခုံးကားအဖြစ် ထင်ရှားပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ အတွင်းမှာ စီးရေ ၂၅၀ ကိုသာ ထုတ်လုပ်ခဲ့ပါတယ်။ အရေအတွက် ကန့်သတ်ထုတ်လုပ်ထားတဲ့ ရှားပါးကားကို ယူကေ အီးဘေးမှာ ရောင်းချဖို့ စာရင်းတင်ထားတာ ပေါင် ၄၅,၀၀၀ (အမေရိကန်ဒေါ်လာ ၆၂,၃၃၅) ဈေးခေါ်ထားပါတယ်။
RSI ကားမော်ဒယ်ကို မြန်နှုန်းမြင့် မောင်းနှင်နိုင်ဖို့ ကားအောက်ပိုင်းကအစ ဒီဇိုင်းအသစ်ထုတ်ထားတာမို့ အခြား လိပ်ခုံးကားတွေနဲ့ မူကွဲပါတယ်။
အင်ဂျင်က 3.2-liter VR6 အင်ဂျင် ထိုင်ပေးထားတယ်။ Golf R32 မှာ သုံးထားတဲ့ အင်ဂျင်မျိုး ဖြစ်ပါတယ်။ ပါဝါ 224 hp ရှိပြီး ရုံးအားက 320 Nm ရှိပါတယ်။ လက်ထိုးဂီယာ ၆ ချက် တပ်ဆင်ထားပြီး လေးဘီးယက်ကား ဖြစ်ပါတယ်။ သုည ကီလိုမီတာမှာ တစ်နာရီ ကီလိုမီတာ ၁၀၀ (သုညမှ တစ်နာရီ ၆၂ မိုင်) သို့ အချိန် ၆ ဒသမ ၇ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်စွမ်း ရှိပါတယ်။ အမြန်ဆုံး အမြန်နှုန်းက တစ်နာရီ ၂၂၅ ကီလိုမီတာ (တစ်နာရီ မိုင် ၁၄၀ ) ဖြစ်ပါတယ်။
ယူကေ အီးဘေးမှာ လေလံတင်တဲ့ VW Beetle RSI ကားက မိုင်ပေါင်း ၁၇,၅၀၀ (၂၈,၁၆၃ ကီလိုမီတာ) ခရီးသွားထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ သစ်လွင်တောက်ပနေဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း နှစ်ဆယ်နီးပါး သက်တမ်းရှိပြီလို့ ထင်ရက်စရာ မရှိအောင် သထားတာ တွေ့ကြရတယ်။
ကားပိုင်ရှင်က VW Golf R32 တစ်စီးနဲ့ Mini Cooper တစ်စီးတို့ကိုလည်း ပိုင်ဆိုင်ပါတယ်။ သူခေါ်ထားတဲ့ ဈေးက စက်ရုံထုတ်ဈေး အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ထက် ချိုသာပါတယ်။