VVT-i အင်ဂျင်ဆိုသည်မှာဘာလဲ


ကားများ၏ စက်ဖုံးကို လှစ်လိုက်ပါက အင်ဂျင်မှာ VVT-I ဆိုသည့် စာလုံးများကို အလွယ်တကူတွေ့ရပါသည်။

VVT-I ဆိုသည်မှာ Variable Value Timiming with intelligence ဆိုသည့်စကားလုံး၏ အတိုကောက်ခေါ်ခြင်းဖြစ်ပါသည်။

အင်ဂျင်တစ်လုံး၏ ပြောင်းလဲနိုင်သော ဗားတိုင်မင် ထိန်းချုပ်မှု စနစ်ကို  Toyota က Trade name ပေးထားခြင်းဖြစ်ပါသည်။

အင်ဂျင်တစ်လုံး လည်ပတ်အလုပ်လုပ်ရန် အဝင်ဗား(intake valve) များနှင့် အထွက်ဗား(Exhaust Valve) များတိုင်မင်လိုက် အချ်ိန်ကိုက်အဖွင့်နှင့် အပိတ်လုပ်နိုင်ရန် CamShaft ကဆောင်ရွက်ပေးပါသည်။

4 Stroke အင်ဂျင်များမှာ Intake Valve နှင့် Exhaust Valve အချိန်ကိုက်ပုံမှန် အဖွင့်အပိတ်လုပ်ပါသည်။

ဗားများ အဖွင့်အပိတ်လုပ်နေသည့် Timing ကို Valve Timing ဟုခေါ်ပါသည်။

ရှေးရိုးအင်ဂျင်များ၏ ဗားတိုင်မင်က ပုံသေဖြစ်ပြီး မပြောင်းလဲနို်င်ပါဘူး။

Cam Shaft ဒီဇိုင်းအတိုင်း ဗား အဖွင့်အပိတ်ပုံသေဖြစ်နေသောကြောင့် အင်ဂျင်လည်ပတ်နှုန်း နှေးကွေးခြင်း၊ မြန်ခြင်း အပေါ်တွင်မူတည်ပြီး ဗားတိုင်မင် ပြောင်းလဲနိုင်ခြင်း မရှိပါဘူး။

သို့သော်မီးတိုင်မင် စောပေးခြင်းမျိုး(Advanced Ignition Iiming) ကို ဒစ်စတီဗျုတာက ဆောင်ရွက်ပးပါသည်။

အင်ဂျင်လည်ပတ်နှုန်း အရမ်းမြန်နေသည့် အချိန်တွင် ပလပ်က မီးပွားဖွင့်တာ စောပေးနိုင်ခဲ့ပါက အင်ဂျင်စွမ်းအားပိုကောင်းလာပါသည်။

အင်ဂျင်လည်ပတ်နှုန်း မြန်လွန်းသည့် အခြေအနေမျိုးတွင် အင်ဂျင်ဆလင်ဒါ အတွင်းကို လေနှင့် ဓာတ်ဆီလောင်စာ အရောအနှောများ လုံလုံလောက်လောက်ဝင်ခွင့်မရပါဘူး။

မီးလောင်ပြီး ပြန်ထွက်သည့် အိတ်ဇောအငွေ့များလည်း အားလုံးကုန်စင်သွားစေရန် ထွက်သွားရန် အချိန်နည်းနေပါသည်။

4stroke engines များမှာအဝင်ဗားက ပွင့်နေသည့်အချိန်တွင် အိတ်ဇောဗားကလည်း ပြန်မပိတ်သေးဘူး။

ဗား ၂ မျိုးစလုံးပွင့်နေသည့် အခြေအနေကို Valve Overlap  ဖြစ်သည်ဟုခေါ်ပါသည်။

ခေတ်ဟောင်းကားအင်ဂျင်များမှာ ဗား Overlap ပုံသေဖြစ်သောကြောင့် အင်ဂျင်လည်ပတ်နှုန်းမြင့်သည့်အခြေအနေမှာ မလိုအပ်သည့် အားနည်းချက်များ ဖြစ်ရပါသည်။

လောင်စာဆီ ကုန်သလောက် ခရီးမတွင်ဘူး။

အိတ်ဇောအီမစ်ရှင်းများ များပြီး လေထုညစ်ညမ်းမှုများ ဖြစ်စေသည်။

အင်ဂျင်စွမ်းအား အပြည့်မထုတ်နိုင်ဘူး။

ကားအင်ဂျင်တစ်လုံးမှာ ဂီယာပြောင်းတိုင်း လည်ပတ်နှုန်း အမျိုးမျိုး ပြောင်းလဲသည်။

အင်ဂျင်လည်ပတ်နှုန်း အရမ်းမြန်သည့် အခြေအနေမှာ မဝင်ဗား၊ အထွက်ဗားများ၏ ဖွင့်ချ်ိန်ပိတ်ချိန်သည် အလွန်တိုတောင်းပါသည်။

အင်ဂျင်လည်ပတ်နှုန်း(6000 rpm) လောက်မြန်နေသည့်အချိန်တွင် ဗားတစ်ကြိမ် ပွင့်နေသည့် အချိန်ဘယ်လောက်သာရှိနေသည် ကိုသိရအောင် ချတွက်ကြည့်ပါ။

Cam Shaft လည်ပတ်နှုန်းမှာ အင်ဂျင် ကရိုင်းလည်ပတ်နှုန်း၏ ထက်ဝက်သာရှိသည်။

အင်ဂျင် 6000rpm လည်နေပါက Cam Shaft က 3000rpm သာရှိပါသည်။

Rpm ဆိုသည်မှာ တစ်မိနစ် လည်ပတ်နှုန်းစက္ကန့် ၆၀ မှာ အပတ်ရေ ၃၀၀၀ ရှိလျှင် အချိန်စက္ကန့်မှာ တစ်နည်းအားဖြင့် အချိန်စက္ကန့်ဆိုသည့့် မျက်တောင်တစ်ချက်ခတ်အချိန်တိုအတွင်းတွင် ဗားအဖွင့်အပိတ် အကြိမ်ရေ(၅၀) ရှိသည်ဆိုလျှင် ဗားတစ်ကြိမ်ပွင့်သည့် အချိန်မှာ ဘယ်လောက်ရှိမလဲ။

ဗားတစ်ကြိမ် အဖွင့်၊ အပိတ် ကြာချိန်ဟာ 1/50 ဒဿမ ဂဏန်း နဲ့ဖော်ပြရလျှင် 0.02 fee ပဲရှိပါတယ်။ အလွန် တိုတောင်းပါသည်။

တစ်စက္ကန့်ဆိုတဲ့ အချိန်တိုကလေးရဲ့ အပုံ ၁ဝဝ ပုံ ၂ ပုံ ဆိုတဲ့ အချိန်ပိုင်း ကလေးအတွင်းမှာ လေနဲ့လောင်စာဆီတွေ များများဝင်နိုင်ဖို့ အဝင်ဗားကို ကြိုတင်ပြီး ဖွင့်ပေးမယ်ဆိုရင် ကောင်းတာပေါ့။

တစ်နည်းပြောရလျှင် Valve Overlap ဖြစ်ချိန်ကို များပေးနိုင်ပါက အကျိုးရှိမယ် ဆိုတာ တွေးမိကြသည်။

အင်ဂျင် လည်ပတ်နှုန်း Slow ဖြစ်နေတဲ့ အခြေအနေမှာ Valve Overlap ဖြစ်တဲ့ ဒီဂရီကို နည်းပြီး အင်ဂျင်လည်ပတ်နှုန်း မြန်လာတာနဲ့အမျှ Valve Overlap ဒီဂရီကို များပေးနိုင်မယ်ဆိုရင် အင်ဂျင်ဆလင်ဒါထဲကို လေနဲ့ လောင်စာဆီ အရောတွေ များများ ဝင်နိုင်မည်။

အိတ်ဇောဓာတ်ငွေ့တွေလည်း ထွက်ဖို့ အချိန်ပိုရ လာမည်ဖြစ်ပြီး ထိုသို့ဖြစ်လာရန် ဗားတိုင်မင်ကို ပုံသေထားလို့ မရတော့ပဲ ပြောင်းလဲ ပေးရမည်ဖြစ်သည်။

 Variable Valve Timing Technology ကို Toyota က ၁၉၉၁ ခုနှစ်မှာ စတင်သုံးခဲ့ပါတယ်။

ဒီအဆင့်ကနေ အီလက်ထရောနစ် နည်းပညာ တွေနဲ့ ပေါင်းစပ်ပြီး ပိုကောင်းတဲ့ ကွန်ပျူတာစနစ် ထိန်းချုပ်တဲ့ VVT-i နည်းပညာကိုတော့ ၁၉၉၆ ခုနှစ်မှာ အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။

၁၉၉၈ ခုနှစ် ရောက်တော့ Dual VVT-i နည်းပညာ ကိုထပ်ပြီး တီထွင်ပြန်သည်။

 Dual VVT-i နည်းပညာကို Toyota ရဲ့ မျိုးဆက်သစ် V6 အင်ဂျင် 2GR 3.5L Engine မှာ အသုံးချ ထားပါသည်။

Toyota RAV-4, Camry, Avalon ကားတွေမှာ သုံးထားပါသည်။

Toyota VVT-i စနစ်မှာ Cam Shaft ကိုချိန်းကြိုးနဲ့ လည်ပတ်စေပါသည်။

Cam Shaft ထိပ်မှာ VVT-i Controller နဲ့ Cam Sprocket ပါရှိပြီး Cam Shaft တိုင်မင်စောခြင်း၊ နောက်ကျခြင်းကို ဟိုက်ဒရောလစ်စနစ်နဲ့ ထိန်းချုပ် ပေးနိုင်အောင် ဒီဇီုင်း လုပ်ထားပါသည်။

ဟိုက်ဒရောလစ် စနစ်မှာသုံးတဲ့ ဟိုက်ဒရောလစ် အရည်ဖိအားကတော့ အင်ဂျင်ဝိုင် ချောဆီပါပဲ။

အင်ဂျင် လည်ပတ်နေချိန်မှာ Oil Pump က ချောဆီ တွန်းပို့တာကြောင့် အင်ဂျင်ဝိုင်ချောဆီတွေ Cam Shaft အထိရောက်လာပါသည်။

အင်ဂျင်လည်ပတ်နှုန်း (rpm) မြန်တော့ ဆီပန့်က တွန်းပို့တဲ့ Oil Pressure များလေပါပဲ။

အင်ဂျင်ဝိုင်ဖိအား တွန်းကန်အားကြောင့် VVT-i Controller အတွင်းမှာရှိတဲ့ ဒလတ် (Vane) တွေလည်ပြီး Cam Shaft တိုင်မင်ကို စောပွင့်စေတဲ့ အနေအထား ရောက်သွားသည်။

Cam Shaft Timing စောလျှင် Valve Overlap ဖြစ်တဲ့ ဒီဂရီ များလာမည်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုလျှင် အဝင်ဗား (Intake Valve) စောပွင့်ပြီး အထွက်ဗား (Exhaust Valve) က နောက်ကျမှ လိုက်မယ်။ ဒီလိုမျိုး အဝင်ဗားကို စောစော ဖွင့်ပေးမှ အင်ဂျင် Speed မြန်တဲ့ အချိန်မှာ လေနဲ့လောင်စာဆီတွေ များများ ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ပိုရ လာမည်။

အင်ဂျင်လီဘာကို လျှော့လိုက်လို့ လည်ပတ်နှုန်း Speed ပြန်ကျသွားခဲ့လျှင် Oil Pump ကတွန်းပို့တဲ့ အင်ဂျင်ဝိုင် ဖိအားလည်း ပြန်ကျသွားပြီး Cam Shaft တိုင်မင်စောနေတဲ့ အခြေအနေလည်း မူလ အနေအထားကို ပြန်ရောက်သွားမည်။

Cam Shaft ထိပ်မှာရှိတဲ့ Controller အတွင်း အင်ဂျင်ဝိုင်ဖိအား ဖြစ်ပေါ်မှုကို OCV (Oil Control Valve) က ထိန်းချုပ် ပေးမယ်။ OCV (Oil Control Valve) ကိုအမိန့်ပေး ညွှန်ကြားနေတာ ကတော့ PCM ခေါ် ကွန်ပျူတာဖြစ်ပါသည်။

PCM က သူနဲ့ဆက်သွယ်ထားတဲ့ အာရုံခံဆင်ဆာ တွေကရရှိတဲ့ သတင်း အချက်အလက်တွေကို အခြေခံပြီး တွက်ချက်တယ်။ တွက်ချက်ပြီးမှ VVT-i စနစ်ကို ထိန်းချုပ်နိုင်ဖို့ ညွှန်ကြားသည်။

PCM နဲဲ့ ဆက်သွယ်ထားတဲ့ ဆင်ဆာတွေကတော့ ကရိုင်းရှပ် Position Sensor ၊အင်ဂျင်အအေးခံ စနစ်က Temperature Sensor,Vehicle Speed Sensor များပဲဖြစ်ပါတယ်။ VVT-i စနစ်မှာ ဗားတိုင်မင် ပြောင်းလဲပေးတဲ့ အရာတွေတော့ VVT-i Controller နဲ့ Oil Control Valve တွေ ဖြစ်ပါသည်။

အင်ဂျင်လည်ပတ်နှုန်း Speed ၊ Throttle Valve Position တည်နေရာ Cam Shaft Position Sensor ၊ Engine အပူချိန် Sensor ကပေးပို့တဲ့ Data တွေကိုအခြေခံပြီး ကွန်ပျူတာက Valve Timing (စောခြင်း၊ နောက်ကျခြင်း) ကို လိုအပ်သလို ထိန်းကျောင်း ပေးတယ်။ ကွန်ပျူတာ ထိန်းကျောင်းတဲ့ ဗားတိုင်မင် ပြောင်းလဲခြင်း ဖြစ်လို့ Toyota က Variable Valve Timing with intelligence (VVI-i) လို့ အမည်တပ်ခေါ်ခြင်း ဖြစ်ပါသည်။

မျက်မှောက်ကာလ ခေတ်ပေါ်အင်ဂျင်တိုင်းမှာ ဗားတိုင်မင် ပြောင်းလဲခြင်းစနစ် (Variable Valve Timing System) ကို သုံးနေကြပါသည်။

Honda က VTEC ဆိုတဲ့ Trade Name ကိုသုံးသည်။

VTEC ဆိုတာ (Variable Valve Timing and lift Electronic Control) ရဲ့ အတိုကောက် အခေါ်ပါ။

Mitsubishi Motor က MIVEC နာမည်ကို သုံးထားပါတယ်။

MIVEC ဆိုတာ (Mitsubishi Innovative Valve timing and lift electronic control) လို့ အဓိပ္ပာယ် ရပါသည်။

ဗားတိုင်မင်ပြောင်းလဲနိုင်ခြင်း နည်းပညာသုံး အင်ဂျင်တွေမှာ ပိုကောင်းလာတဲ့ အကျိုးရလဒ်တွေ ကတော့

အင်ဂျင်စက်နှိုးရ လွယ်ကူလာပါသည်။

လီဘာနင်းပြီး အင်ဂျင်စက်ရှိန်မြှင်တဲ့့နေရာမှာ ချောမွေ့ညင်သာပြီး စက်ရှိန် တက်တာမြန်သည်။

ရိုးရိုးအင်ဂျင်တွေထက် ဆီစားသက်သာပြီး စီးပွားရေး တွက်ခြေကိုက်တယ်။ Fuel Economy ဖြစ်သည်။

လေနဲ့ လောင်စာဆီ ရောစပ်မှု အချိုးကောင်း တာကြောင့် လောင်စာဆီတွေ အပြည့်အဝ လောင်ကျွမ်းသောကြောင့် အီမစ်ရှင်း ထုတ်လွှတ်မှု နည်း သွားသည်။

အင်ဂျင်ရုန်းအား (Torque) ပိုကောင်းပြီး High rpm Performance ကို အကောင်းဆုံး ရရှိသောကြောင့် အင်ဂျင်၏ စွမ်းဆောင်ရည် Efficiency ပိုကောင်း လာပါသည်။

ဆီစား သက်သာပြီး မီးခိုး ထွက်နည်းတယ်။

အင်ဂျင်စက်သံညင်သာသည့် ယနေ့ခေတ်ပေါ် Toyota အင်ဂျင်တွေက ခေတ်ဟောင်းအင်ဂျင် တွေထက်သာလွန်နေရသည့် အကြောင်းရင်းမှာ Variable Valve Timing နည်းပညာ ကြောင့်ဖြစ်ပါသည်။

 

Read 12157 times