Volvo XC 90


ဆွီဒင်အခြေစိုက် Volvo ကားကုမ္ပဏီမှ ထုတ်လုပ်လိုက်သော အသစ်စက်စက် Volvo XC 90 သည်ရိုးရှင်းသော ခလုတ်ရှစ်ခုကို အလွယ်တကူရွေးချယ်ပြီး ခေတ်မီနည်းစနစ်များနှင့် ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။

Road Sign Information စနစ်မှာယာဉ်ရှေ့မှ ဖြတ်သွားဖြတ်လာများ၊ ယာဉ်များကို အနီရောင် ဘောင်ခတ်ထားသောပုံရိပ်အဖြစ် ယာဉ်မောင်းသူမှ ထင်ရှားပြတ်သားအောင်တွေ့မြင်စေနိုင်ပြီး လိုအပ်ပါက အလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်မည်ဖြစ်ပါသည်။

XC 90 ကိုဂရိတ်အမျိုးမျိုးထုတ်လုပ်ထားပြီး T5 Momentum ၏စက်ရုံထုတ်အခြေခံဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၃,၉၅၀ ရှိပါသည်။

အမြင့်ဆုံးဟိုက်ဘရစ်ကား T8 Inscription ၏ စက်ရုံထုတ်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၇၁,၆၀၀ ရှိပါသည်။

ဆလင်ဒါလေးလုံးထိုး 2.0L Tarbo Charge အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 316hp/ဖိုးဝှီးဒရိုက်ဖြစ်ပါသည်။

အော်တိုဂီယာရှစ်ချက်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပြီး ဆီစားနှုန်းအနေဖြင့် လောင်စာဆီ တစ်ဂါလံလျှင် မြို့တွင်း ၂၂ မိုင်၊ အဝေးပြေးလမ်းတွင် ၂၆ မိုင်အထိမောင်းနှင်နိုင်ပါသည်။

ရပ်တန့်ရာနေရာမှ ခြောက်စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ နှုန်းအထိမြှင့်တင်နိုင်မည်ဖြစ်ပါသည်။

XC 90 ၏လေဝင်ပေါက်မှာရှည်လျားပြီး ဆန်ခါရှဲလ်၏ အလယ်တွင် ကန့်လန့်ဖြတ်တောင်ပံနှစ်ခုပါရှိသော Volvo ၏တံဆိပ်တပ်ဆင်ထားပါသည်။

အယ်လ်စီဒီ ဒစ်ပလေးမှာ Tachmeter နှင့် စပိဒ်ဒိုမီတာပါရှိပါသည်။

ကိုးလက်မscreen မှာ Apple iPad ထက်ကြီးမားပြီး ဖုန်း၊ USB နှင့် ချိတ်ဆက်နိုင်ပါသည်။

ပါဝါလည်သာထိုင်ခုံများ၊ လျှပ်စစ်နှင့် အပူပေး၊ အအေးပေးစနစ်များပါရှိပြီး စိတ်ကြိုက်အနေအထား ချိန်ညှိနိုင်ပါသည်။

စပီကာ ၁၉ လုံးပါရှိသော Browers & Wilkins Stereo အဆင့်မြင့်အသံစနစ်မှာ ဖျော်ဖြေရေး အစီအစဉ်အားလုံးနှင့် ချိတ်ဆက်နိုင်ပါသည်။

လုံခြုံရေးစနစ်များဖြစ်သည့် Lane Departure Warning နှင့် Electronic Stability Control စနစ်တို့ပါရှိသည့်အတွက် သတ်မှတ်လမ်းကြောင်းမှ သွေဖည်သွားသည်နှင့် အချက်ပေးနိုင်ပြီး မြန်နှုန်းမြင့် မောင်းနှင်သည့်အခါ ယာဉ်ကို တည်ငြိမ်အောင်ထိန်းချုပ်ပေးပါသည်။

The Instant Traction TM သည်စိုစွတ်သည့်လမ်း၊ ခြောက်သွေ့သည့်လမ်းနှစ်မျိုးစလုံးတွင် လမ်းမချော်အောင်ထိန်းချုပ်ပေးပါသည်။

New Information System မှာ Touch Screen မှထိန်းချုပ်နိုင်သည့် function များပါဝင်ပါသည်။

Volvo ၏ အဆင့်မြင့်လုံခြုံရေးစနစ်မှာ ရိုးရှင်းပြီး ယာဉ်မောင်းသူများအာရုံမထွေပြားစေပဲ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Source:Kumudra journal

Read 2075 times