နောက်ဆုံးပေါ် နည်းပညာများနှင့် ဘေးကင်းလုံခြုံစိတ်ချစေသော ကောင်းမွန်သည့် လုပ်ဆောင်ချက်များကြောင့် ဂျနီဗာ ကားပြပွဲ (Geneva Motor Show) တွင် 2018 European Car of the Year ဆူကို ရရှိခဲ့ပါသည်။
Volvo ကုမ္ပဏီသည် Volvo XC 40 ကို အမျိုးအစားသုံးမျုးခွဲထုတ်လုပ်ပြီး ပြည်တွင်းတွင် စတင်မိတ်ဆက်ခြင်းဖြစ်ပါသည်။
Volvo ကားကုမ္ပဏီသည် Performance Auto International နှင့်အတူ မြန်မာနိုင်ငံမှာ ၂၀၁၇ ဖေဖော်ဝါရီလက လုပ်ငန်းစတင်ပါသည်။
မြန်မာနိုင်ငံအဆင့်မြင့် ဇိမ်ခံကားဈေးကွက်၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကျော်ကို Volvo က ပိုင်ဆိုင်ခဲ့ပြီး ကားအစီးရေပေါင်း ၇၀ ကျော် တင်သွင်းရောင်းချခဲ့ပါသည်။
မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင် အလျင်အမြန်တိုးတက်သည့် ဈေးကွက်ဖြစ်လာမည်ဟု ယုံကြည်သောကြောင့် မြန်မာနိုင်ငံနှင့် သင့်လျော်သော XC 40 premium small SUN အသစ်စက်စက်ကားကို မြန်မာနိုင်ငံတွင် အရင်းဆုံး မိတ်ဆက်ရောင်းချပေးခြင်းဖြစ်ကြောင်း Volvo ကားကုမ္ပဏီ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဈေးကွက်ဒါရိုက်တာက ပြောကြားခဲ့ပါသည်။
Volvo XC 40 သည် 2.0 လီတာ turbocharged စနစ်သုံး T5 ဓတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေအား ၁၂၈ ကီလိုဝပ် ရှိပါသည်။
ရုန်းအားအနေဖြင့် 1800-4800 rmp တွင် 350 Nm ရှိပြီး 5500 rpm လည်း ပါရှိပါသည်။
Volvo XC 40 သည် မော်တော်ယာဉ်စက်ဖုံးအောက်မှာသာ ကောင်းမွန်သည့်လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးနိုင်ခြင်းမျိုးမဟုတ်ဘဲ အသစ်ထည့်သွင်းပေးထားသည့် Clean Zone ဇုန်လေးခု အပူအအေးထိန်းချုပ်စနစ် (Four Zone Climate control System) သည် ကျန်းမာရေးအတွက် ဆိုးကျိုးပေးသည့် ဖုန်နံ့များ ညစ်ညမ်းဒြပ်သတ္တုများကို လေထုတွင်းက ဖယ်ရှားပေးနိုင်ပြီး Scandina Vian က သန့်ရှင်းကြည်လင်သည့်လေကို ရှူရှိုက်ရသကဲ့သို့ ခံစားရမည်ဖြစ်ပါသည်။
ရှင်းလင်းသည့်အတွင်းခန်း ဒီဇိုင်းနှင့် အဆင့်မြင့်တင်ထားသည့် သားရေထိုင်ခုံအနေအထားများက လိုက်ပါစီးနင်းသူများကို သက်သောင့်သက်သာ ဖြစ်စေပါသည်။
အဆင့်မြင့်နည်းပညာများဖြစ်သည့် Adaptive Cruise Control, Collision, Mitigation Support Front, Lane Keeping Aid, Blind Spot Information System with Cross Traffic Alert, Collision Mitigation Support Rear, Rear Parking Camera နှင့် Park Assist နည်းစနစ်များ ပါရှိပါသည်။
တောင်အတက်အဆင်းများ လွယ်ကူစေသည့် Hill Start Assist နှင့် Hill Descent Control စနစ်များလည်း ပါရှိပါသည်။
အသက်ကယ်လေအိတ်စနစ်ပါရှိသည့်အတွက်လည်း လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။
၂၀၁၈ မိုဒယ် Volvo XC 40 အသစ်စက်စက်ကား၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၈၃၀၀၀ မှစတင်ပြီး အမေရိကန်ဒေါ်လာ ၉၅၀၀၀ အထိ ရှိပါသည်။
ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံရရှိမည်ဖြစ်ပါသည်။