လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်ရုံမကဘဲ ထူးခြားဆန်းသစ်မှုများစွာဖြင့် ထုတ်လုပ်ထားသည့် Volvo V40 T3


ဆွီဒင်အခြေစိုက် Volvo ကားကုမ္ပဏီမှ ထုတ်လုပ်သော Volvo V40 T3 အသစ်စက်စက် ကားအမျိုးအစားသည် လုံခြုံစိတ်ချမှုကို အသားပေးရုံမက ထူးခြားဆန်းသစ်မှုများစွာနှင့် ထုတ်လုပ်ပါသည်။

ထို့အပြင် ဆီစားသက်သာပြီး စွမ်းရည်မြင့်မားသော အင်ဂျင်ကို အသုံးပြုပါသည်။

Volvo V40 T3 သည် 1.5L ဆလင်ဒါလေးလုံးထိုး ဓာတ်ဆီအင်ဂျင်ကို အသုံးထားပြီး အင်ဂျင်ပါဝါ ၁၄၉၈ စီစီ၊ အင်ဂျင်စွမ်းဆောင်ရည် 156 bhp နှင့် ရုန်းအား 196lb-ft ရှိပါသည်။

အပြင်အဆင်အားဖြင့် ကားရှေ့မီးလုံးများသည် DRLLED များဖြစ်၍ ဆန်းသစ်တက်ကြွစေပြီး နှင်းခွဲမီးများက မြူနှင်းနှင့် သည်းထန်စွာရွာသွန်းနေသော မိုးများအကြားတွင် ထိုးဖောက်မြင်နိုင်စွမ်းရှိပါသည်။

ရှေ့မီးလုံးများနှင့်လိုက်ဖက်သော Grille ၏ အပေါ်တွင် Volvo ၏ လိုဂိုတပ်ဆင်ထားခြင်းက ပိုမိုခံညားစေပါသည်။

ငါးယောက်လိုက်ပါစီးနင်းနိုင်သော ထိုင်ခုံများက သက်သောင့်သက်သာ ဖြစ်စေပြီး ရှေ့ထိုင်ခုံများက စိတ်ကြိုက်အနေအထား ချိန်ညှိနိုင်ပါသည်။ Clean Zone စနစ်ပါရှိသော Electronic Climate Control

စနစ်ပါရှိသည့်အတွက် အတွင်းခန်း၏ အပူချိန်ကို လျှော့ချပေးပါသည်။

ခုနစ်လက်မ စခရင်ပါရှိပြီး IHM MCA ဆက်သွယ်ရေးစနစ်ပါရှိသည့်အပြင် DVD Player စသော ဖျော်ဖြေးရေးကိရိယာများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ Volvo ၏ အဆင့်မြင့် လုံခြုံရေးစနစ်များနှင့် အဆင့်မြှင့်တင်ထားပြီး

အရေးပေါ်ရပ်တန့်ရန်အတွက် Emergency Brake Assist (EBA) စနစ် ပါရှိပါသည်။

အာရုံခံကိရိယာများကို အသုံးပြုပြီး ယာဉ်မောင်းသူဆီကို အလိုအလျောက်သတင်းအချက်အလက်များ ပေးပို့နိုင်သော Intelligent Driver Information System ပါရှိပါသည်။ SRS အသက်ကယ်လေအိတ်စနစ်

ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာဖြင့် မောင်းနှင်နိုင်ပါသည်။

၂၀၁၈ မိုဒယ်၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၅၃၀၀၀ ဝန်းကျင်ရှိပြီး ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံရရှိမည်ဖြစ်သည့်အပြင် ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပါသည်။

Volvo ကားအရောင်းပြခန်းကို အမှတ် ၁၄၆ (က)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားပါသည်။

Kumudra

Read 679 times