ထိုင်းကားဈေးကွက်တွင် ၂၀၂၅ မှာ အီးဗီများသာ ရောင်းချမည်ဟု Volvo ပြောကြား


ထိုင်းကားဈေးကွက်တွင် ၂၀၂၅ မှာ အီးဗီများသာ ရောင်းချမည်ဟု Volvo ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Volvo Car (Thailand) သည်  ထိုင်းကားဈေးကွက်မှာ ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကားများသာ ရောင်းချရန် ရည်မှန်းထားသည်။ မိခင်ကုမ္ပဏီက ၂၀၃၀ တွင် လျှပ်စစ်ကားများသာ ရောင်းချရန် ရည်မှန်းထားသည်ထက် ၅ နှစ်စောသည်။

Volvo Car (Thailand) ၏ မန်နေးဂျင်းဒါရိုက်တာ Chris Wailes က ထိုင်းနိုင်ငံတွင် လျှပ်စစ်ကား  ၀ယ်လိုအား အားကောင်းနေပြီး အီးဗီရောင်းအား ဆက်လက်၍ သိသိသာသာကြီးထွားနေဦးမည်ဟု မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အားသွင်းရုံများကဲ့သို့သော အီးဗီနှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံများ အရှိန်အဟုန်ဖြင့် တိုးတက်ကောင်းမွန်လာခြင်း၊ လူအများတို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ အားပေးကြခြင်းအပြင် လောင်စာဆီ ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် အီးဗီ ရေပန်းစားလာသည်ဟု ၎င်းက ပြောကြားသည်။
ထိုအချက်များကြောင်း ထိုင်းနိုင်ငံ အီးဗီသို့ ကူးပြောင်းရောက်ရှိရန် တွန်းအားများ ဖြစ်ပေါ်နေစေသည်ဟု ၎င်းက ပြောကြားသည်။

Tesla ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ကစားသမားအသစ်များ ဝင်ရောက်မှုသည် ဈေးကွက်ပြိုင်ဆိုင်မှုကို တိုးမြင့်စေမည်ဖြစ်သည်။

“အပြိုင်အဆိုင် ရှိနေတာက က အမြဲတစေ အကျိုးဖြစ်ထွန်းစေပါတယ်။ ပြိုင်ဘက်တွေ ရှိနေတာက ကျွန်တော်တို့ရဲ့ ဝယ်လက်များရဲ့ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာဖြည့်ဆည်းနိုင်ရန်အတွက် လေ့လာစူးစမ်း သင်ယူရန်၊ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးရန်၊ အရည်အသွေး မြှင့်တင်ရန် တွန်းအားပေးပါတယ်"ဟု Wailes က ပြောကြားသည်။

နည်းပညာအသစ်များကို စမ်းသုံးကြည့့်ဖိူ့ ထိုင်းလူမျိုးများသည် ဥရောပသားများထက် ပိုမိုကြိုဆိုလက်ခံနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စျေးကွက်တွင် အလားအလာကောင်းသော လက္ခဏာရပ်များကြားတွင် Volvo Car (Thailand) သည် ၂၀၂၅ ခုနှစ်တွင် အီးဗီများသာ ရောင်းချသူ ဖြစ်လာနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ပရီမီယံ အီးဗီကဏ္ဍမှာ ဦးဆောင်သူအဖြစ် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ဆက်လက် ခိုင်မြဲစေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
“ထိုင်းက ယာဉ်မောင်းတွေက လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားတွေကို အရမ်းစိတ်အားထက်သန်တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ အဲဒါကြောင့်လည်း ၂၀၂၅ တွင် လျှပ်စစ်ကားများကိုသာ ရောင်းချမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရဲရင့်သော ရည်မှန်းချက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

Volvo သည် ၂၀၂၂ တွင် တစ်နှစ်တာလုံးရောင်းအား ၇၁% တိုးခဲ့သဖြင့် အလားအလာ ကောင်းနေပါသည်။ ထိုင်းနိုင်ငံတွင် Volvo ကားများ ၀ယ်လိုအား အားကောင်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
 
C40 Recharge Pure Electric နှင့် XC40 Recharge Pure Electric ကဲ့သို့သော လုံးလုံးလျားလျား လျှပ်စစ်မော်ဒယ်များ၏ ရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် ၁၉၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ Volvo ကားရောင်းအား စုစုပေါင်း၏ သုံးပုံတစ်ပုံသည် အီးဗီစစ်စစ်များ ဖြစ်သည်။
C40 Recharge Pure Electric သည် ရောင်းအား ၂၄% တိုးခဲ့သည်။ Volvo ကားရောင်းအား စုစုပေါင်း၏ ၆၄.၈ % ရှိသည်။

Volvo Car (Thailand) ၏ စီအီးအိုက  လျှပ်စစ်ကားစစ်စစ် မော်ဒယ်အသစ် နှစ်မျိုးကို မိတ်ဆက်ရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အရောင်းကိုယ်စားလှယ်များနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ခိုင်မာသောအမြတ်အစွန်း ရရှိစေရေးကိုလည်း Volvo Car (Thailand) က စူးစိုက်သည့် အဓိကအချက်များထဲတွင် ထည့်သွင်းထားကြောင်း ၎င်းက ပြောကြားသည်။
Source nationthailand 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1569 times