Volvo နှင့် Starbucks တို့ အားသွင်းကွန်ရက်ထူထောင်မည်


Volvo နှင့် Starbucks တို့ အားသွင်းကွန်ရက်ထူထောင်မည်


 အများသုံး လျှပ်စစ်မော်တော်ယာဉ် အားသွင်းကွန်ရက်ကို အမေရိကန်မှာ ကားလုပ်ငန်း Volvo Car USA နှင့် ကော်ဖီလုပ်ငန်း Starbucks တို့ လက်တွဲပြီး ထူထောင်ကြမှာ ဖြစ်ပါတယ်။ ယခုနှစ် နွေရာသီမှာ စတင်မယ်လို့ ဆိုပါတယ်။
ChargePoint က ပါဝါပေးမယ့် အားသွင်းရုံများကို စီတဲမြို့နှင့် ဒန်ဗာမြို့အကြား မိုင် ၁,၃၅၀ ရှည်လျားတဲ့ ကားလမ်းတစ်လျှောက်မှာ တည်ရှိတဲ့ နေရာ ၁၅ ခုအထိ ထားရှိမှာ ဖြစ်ပါတယ်။


 


အားသွင်းရုံ ၁၅ နေရာမှာ Volvo-branded DC အမြန်အားသွင်းတိုင် ၆၀ ခုအထိ ထားရှိပါမယ်။ 
မိုင် ၁,၃၅၀ လမ်းခရီးတစ်လျှောက်မှာ ရှိနေတဲ့ Starbucks ဆိုင်တွေမှာ ထားရှိမှာ ဖြစ်ပါတယ်။
အားသွင်းရုံ တစ်ခုနှင့်တစ်ခု မိုင် ၁၀၀ ခန့် ကွာဝေးပါမယ်။ ခရီးဝေးဝေး မသွားနိုင်တဲ့ လျှပ်စစ်မော်တော်ယာဉ် အမျိုးအစားတွေအတွက်လည်း ခရီးဝေးထွက်ဖို့ အဆင်ပြေနေစေမှာ ဖြစ်ပါတယ်။
အား ၂၀% ရှိတဲ့ ဘက်ထရီကို ၉၀% အားပြည့်ဖြို မိနစ် ၄၀ ကြာမြင့်တာကြောင့် Starbucks ကော်ဖီဆိုင်ထိုင်ဖို့ အချိန်လုံလုံလောက်လောက် ရရှိမှာ ဖြစ်ပါတယ်။
 
တခြား brand တွေကို အားသွင်းခ ကျသင့်သလောက် ကောက်ခံမှာ ဖြစ်ပြီး Volvo ကားတွေကိုတော့ အခမဲ့ အားသွင်းပေးမယ်လို့ Volvo ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Read 624 times