Volvo S90


ယင်းကား၏အတွင်းခန်းတွင်ခေတ်မီနည်းပညာများစွာအသုံးပြုထားသော်လည်းအတွင်းခန်းတွင် ခလုတ်များစွာမရှိပဲ ကြီးမားသည့် Touch Screen မှထိန်းချုပ်နိုင်အောင်စီမံပေးထားပါသည်။

အင်ဂျင်အမျိုးအစားမှာ ဆလင်ဒါလေးလုံးထိုး 2.0LT5 ဓာတ်ဆီအင်ဂျင်ကို တပ်ဆင်အသုံးပြုထားပါသည်။

အင်ဂျင်တစ်မိနစ်လည်ပတ်အား 5500Rpm တွင်မြင်းကောင်ရေ ၂၅၄ ကောင်အားကိုထုတ်လုပ်ပေးနိုင်ပြီး ၆ ဒသမ ၈ စက္ကန့်အတွင်းမှာသုညကီလိုမှ ကီလိုတစ်ရာရောက်အောင်အရှိန်မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

FWD ကားအမျိုးအစားဖြစ်ပြီး 8 speed Automatic Transmission ကိုအသုံးပြုထားပါသည်။

လုံခြုံရေးစနစ်အနေဖြင့်CitySafetyပါရှိသောကြောင့်တခြားကားနှင့်တိုက်မိသလိုဖြစ်ပါကရေဒါများမှချက်ချင်းသိရှိပြီးအလိုအလျောက်ဘရိတ်ဖမ်းပေးခြင်းသို့မဟုတ်အရှိန်လျှော့ပေးခြင်းမျိုးပြုလုပ်ပေးမည်ဖြစ်ပါသည်။

ထို့ပြင်အဆင့်မြင့်လုံခြုံရေးစနစ်များဖြစ်သည့် Blind Spot Detection, EBA, 360 camera,Intelligent Driver Information System,Hill Start Assist နှင့် Pyrotechnical Pretensioners စသောနည်းပညာများနှင့် စီးနင်းသူများကို အကောင်းဆုံးကာကွယ်ပေးထားပါသည်။

၂၀၁၇ မိုဒယ် S90 ၏ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၁၂၅,၀၀၀ မှစတင်မည်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပါသည်။

Read 2352 times