လူငယ်တွေအတွက် အရှိန်သတ်မှတ်ပေးနိုင်မယ့် Orange Care Key ကို Volvo မိတ်ဆက်


Volvo ဟာ ကားအသုံးပြုသူတွေအတွက် လုံခြုံရေးနည်းပညာအသစ်အသစ်တွေကို ဖန်တီးပြုလုပ် နေတာဖြစ်ပါတယ်။ မကြာသေးမီက Orange Care Key နဲ့ ကားမောင်နှင်မှုကို အထောက်အကူပြုစေမယ့် car camera တွေကို မိတ်ဆက်ခဲ့ပါတယ်။ သို့သော်လည်း Care Key နည်းပညာဟာ လူစိတ်ဝင်စားမှုပိုမိုများပြားခဲ့ပါတယ်။

Volvo ရဲ့ Care Key ဟာ လူငယ်တွေအန္တရာယ် မဖြစ်စေဖို့ ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာပါ။ ယင်း Care Key ဟာ မိမိကားရဲ့ အရှိန်နှုန်းကို ပုံသေသတ်မှတ်ထားနိုင်တဲ့အတွက် မိမိစိတ်ကြိုက် အရှိန်တင်ပြီးမောင်းနှင်ချင်တဲ့ လူငယ်တွေကို မတော်တဆမဖြစ်အောင် တာဆီးပေးနိုင်မှာဖြစ်ပါတယ်။

ယင်းနည်းပညာတွေကို option အနေနဲ့ပါဝင်လာမှာမဟုတ်ပဲ စတင်ထုတ်လုပ်ထဲက standard equipment အနေနဲ့ ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ ယင်းနည်းပညာတွေကို ၂၀၂၁ မိုဒယ်ကစပြီး နောက်ပိုင်းထုတ်လုပ်မယ့်ကားတွေအားလုံးမှာ ထည့်သွင်းအသုံးပြုလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Author;A.P.T

Read 523 times