Volvo ပထမဆုံး MPV မော်ဒယ် EM90 တရုတ်ပြည်မှာ စတင်ထုတ်လုပ်


Volvo ပထမဆုံး MPV မော်ဒယ် EM90 တရုတ်ပြည်မှာ စတင်ထုတ်လုပ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ် Geely Group သည် Volvo ၏ ပထမဆုံး multi-purpose vehicle (MPV) EM90 ကို မီနီဗင် minivan အရွယ်အစားဖြင့် အမြောက်အမြား စတင်ထုတ်လုပ်သည်။

 

Volvo EM90 သည် တရုတ်ကားများ ထုတ်လုပ်သည့် ပလက်ဖောင်းပေါ်တွင် တည်ဆောက်ထားပြီး တရုတ်စက်ရုံတွင် ထုတ်လုပ်ခြင်းဖြစ်သည့်အပြင် တရုတ်ကားမော်ဒယ်ကို Volvo တံဆိပ်တပ်ထားခြင်း ဖြစ်သဖြင့် Volvo မွေးရပ်ဇာတိ ဆွီဒင် အငွေ့အသက် ပါမပါ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ သို့သော် တရုတ်ဈေးကွက်အတွက် ထုတ်လုပ်ခြင်း ဖြစ်နေသဖြင့် တရုတ်ကားဝယ်စီးသူများ နှစ်သက်ဖို့က အဓိကကျပါသည်။ 

 

Volvo EM90 ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင် တရုတ်နိုင်ငံ၌ စတင် အရောင်းဖွင့် ခဲ့ပါသည်။

 

ယခုနှစ် မတ်လတွင် အမှာစာ မှာကြားထားသူများထံ စတင်‌ေပးပို့မည် ဖြစ်သည်။

 

Geely ၏  SEA ပလက်ဖောင်းပေါ်မှာ EM90 ကို တည်ဆောက်ထားသည်။ 

၎င်းပလက်ဖောင်းဖြင့် Polestar 4, Lotus Eletre နှင့် Emeya တို့ကိုလည်း တည်ဆောက်ထားပါသည်။ ထို့ပြင် Jiyue 01, Smart #1, Smart #3 နှင့် Zeekr မော်ဒယ်တိုင်းကိုလည်း SEA ပလက်ဖောင်းပေါ်မှာ တည်ဆောက်ထားသည်။

 

 

EM90 အရွယ်အစား

• အလျား 5206 mm

• အကျယ် 2024 mm

• အမြင့် 1859 mm

• ခါးအလျား 3205 mm

၆ ယောက်စီး 2+2+2 ခုံတန်း ၃ တန်း ခင်းကျင်းထားသည်။ 

Bowers & Wilkins စပီကာ ၂၁ လုံး ပါသည်။

 

 

Volvo EM90 တွင် 200-kW လျှပ်စစ်မော်တာကို နောက်ဘီးများအတွက် တပ်ဆင်ထားသည်။

116-kWh ဘက်ထရီ သုံးထားပြီး ခရီးတာ ၇၃၈ ကီလိုမီတာ ရရှိသည်။ 

Volvo EM90 ရောင်းဈေးမှာ ယွမ် ၈၁၈,၀၀၀ (ကန်ဒေါ်လာ ၁၁၅,၀၀၀) ဖြစ်ပါသည်။

 

Volvo EM90 သည် အခြေခံအားဖြင့် Zeekr 009 MPV ကို Volvo တံဆိပ် တပ်ပေးထားခြင်း ဖြစ်သည်။ သို့သော် Zeekr မီနီဗင်သည် ၄ ဘီးယက် ဖြစ်ပါသည်။ ရောင်းဈေးမှာ ယွမ် ၅ သိန်း (ကန်ဒေါ်လာ ၇၀,၄၀၀) ဖြစ်ပါသည်။ 

သို့ဖြစ်ရာ Volvo EM90 သည် ဈေးပိုကြီးနေသော်လည်း ၂ ဘီးယက် ဖြစ်နေပါသည်။

 

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် Volvo EM90  ထုတ်လုပ်မှုလိုင်းမှ စတင်ခဲ့ပြီး အမြောက်အမြား ထုတ်လုပ်မှုကို စတင်လိုက်ပါသည်။

တရုတ်ပြည်မှ Geely ၏ Hangzhou Bay စက်ရုံတွင် Volvo EM90 ကို ထုတ်လုပ်ပါသည်။ ၎င်းစက်ရုံတွင် Zeekr 009, Zeekr 001, Zeekr 001 FR, Jiyue 01, Polestar 4 တို့ကိုလည်း ထုတ်လုပ်ပါသည်။ 

၎င်းစက်ရုံသည် တနှစ်လျှင် အစီးရေ ၃ သိန်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။

 

Source: Volvo


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 374 times