Volvo Cars (Thailand) Co က ၂၀၂၂ မှာ ရောင်းအားတက်ဖို့ မျှော်မှန်း


Volvo Cars (Thailand) Co က ၂၀၂၂ မှာ ရောင်းအားတက်ဖို့ မျှော်မှန်း


Volvo Cars (Thailand) Co က ၂၀၂၂ မှာ ရောင်းအား ၂၀~၃၀% တက်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ဘက်ထရီ လျှပ်စစ် မော်တော်ယာဉ်  battery electric vehicle (BEV) ရောင်းအား ပိုကောင်းလာမယ်လို့ မျှော်မှန်းထားပါတယ်။

Volvo Cars (Thailand) ရဲ့ ညွှန်ချုပ် Chris Wailes က "ယခုနှစ်မှာ Volvo က ထိုင်းမှာ မော်ဒယ်အသစ်များ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ပရီမီယံကား အပိုင်းအကန့်က ဆက်လက်ကြီးထွားနေပါတယ်" လို့ ပြောကြားပါတယ်။

ကုမ္ပဏီက အီးဗီ EV [electric vehicles] မော်ဒယ် တစ်နှစ်လျှင် တစ်မျိုး သို့မဟုတ် နှစ်မျိုး ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ၎င်းက ပြောကြားပါတယ်။

2022 Bangkok International Motor Show မှာ C40 Recharge မော်ဒယ်ကို ပွဲထုတ်ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။

 sports utility vehicle (SUV) အပိုင်းအကန့်မှာတော့ Volvo က XC40 နှင့်  XC60 မော်ဒယ်များ ရောင်းချမှာ ဖြစ်ပါတယ်။ 

ဆွီဒင်အခြေစိုက် Volvo Car Corporation က ၁၀ နှစ် အီးဗီ အစီအစဉ် ရေးဆွဲထားပါတယ်။ ၂၀၂၁ မှာ စတင်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ၂၀၂၅ မှာ ရောင်းချစီးရေရဲ့ ၅၀% က အီးဗီ ဖြစ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ၂၀၃၀ မှာ ရာနှုန်းပြည့် အီးဗီများကိုသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
  
bangkokpost.com

Read 771 times