Volvo Cars အီးဗီ ရောင်းအား မြင့်တက်


Volvo Cars အီးဗီ ရောင်းအား မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်  Volvo Cars ‌၅၉,၈၆၁ စီး ရောင်းချခဲ့ပြီး ယခင်နှစ်ထက် ၁၀% ပိုများပါသည်။ အီးဗီများ ရောင်းအားမြင့်တက်ခဲ့ပြီး ဟိုက်ဘရစ် မော်ဒယ်များ ရောင်းအား လျော့ကျခဲ့ပါသည်ဟု ဆွီဒင်အခြေစိုက် Volvo Cars လုပ်ငန်းစုက ပြောကြားပါသည်။

အောက်တိုဘာလတွင် ရောင်းချခဲ့သည့် ကားစီးရေ စုစုပေါင်း၏ ၁၈% သည် အီးဗီများ ဖြစ်ပါသည်။ ၃၆% သည် ဟိုက်ဘရစ်မော်ဒယ်များ ဖြစ်ပါသည်။
ဘက်ထရီသုံး အီးဗီ ရောင်းအားသည် ယမန်နှစ်ကထက် ၂၉% မြင့်တက်ခဲ့သည်။ 
ဟိုက်ဘရစ် ရောင်းအားသည် ယမန်နှစ်ကထက် ၈% ကျဆင်းခဲ့ပါသည်။ 

Volvo Cars  အတွက် အကြီးမားဆုံးဈေးကွက်မှာ ဥရောပ ဖြစ်ပါသည်။ အောက်တိုဘာလရောင်းအားသည် ၁၃% မြင့်တက်ခဲ့သည်။ အမေရိကန်ဈေးကွက်တွင် ၁၉% မြင့်တက်ခဲ့သည်။ တရုတ်ဈေးကွက်တွင် ယမန်နှစ် ရောင်းအားဝန်းကျင်သာ ရှိခဲ့ပါသည်။ 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 840 times