Volvo Cars Myanmar မှ Volvo ကားများကို အထူးလျော့ဈေးဖြင့် ဧပြီလကုန်အထိ ရောင်းချမည်


ဧပြီလအတွင်း Volvo V40 Cross Country ၊ V40 ၊ XC40 ၊ XC60 ၊ XC90 ၊ S90 တို့ကို ဝယ်ယူမည်ဆိုပါက လျှော့ဈေးဖြင့် ရောင်းချပေးမည် ဖြစ်သလို 3 Years Warranty/Unlimited Kilometer ၊ 3 Years/ 100,000 km Free Service Maintenance ၊ 20 Percent Down Payment ၊ 5 years Installment ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

“Volvo Cars Myanmar မှ နှစ်သစ်ကူး အထူးအစီအစဉ်နဲ့ Volvo Brand New ကားသစ်တွေဖြစ်တဲ့ Volvo V40 Cross Country ၊ V40 ၊ XC40 ၊ XC60 ၊ XC90 ၊ S90 တို့ကို အထူးအခွင့်အရေးတွေနဲ့အတူ အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်”ဟု Volvo Cars Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Volvo Cars Myanmar မှ ပရိုမိုးရှင်းကာလကို ဧပြီလကုန်အထိ သတ်မှတ်ထားပြီး Volvo XC90 ကို အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀၊ Volvo XC60 ကို အမေရိကန်ဒေါ်လာ ၁၁၅,၀၀၀၊ Volvo XC40 ကို အမေရိကန်ဒေါ်လာ ၈၃,၀၀၀၊ Volvo S90 ကို အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀၊ Volvo V40 ကို အမေရိကန်ဒေါ်လာ ၅၅,၀၀၀ ဈေးသတ်မှတ်ထားသည်။

Volvo V40 Cross Country ကို အမေရိကန်ဒေါ်လာ ခုနစ်သောင်း အနိမ့်ဆုံးဈေး သတ်မှတ်ထားပြီး ဂရိတ်နှင့်အရောင်အပေါ် မူတည်ကာ ဈေးနှုန်းအနည်းငယ် ကွာခြားမည် ဖြစ်ကြောင်း သိရသည်။

 

 

Read 1204 times