Volvo Cars စက်ရုံ ချစ်ပ် မရသဖြင့် ယာယီပိတ်


Volvo Cars စက်ရုံ ချစ်ပ် မရသဖြင့် ယာယီပိတ်

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U


ဆွီဒင်ကားထုတ်လုပ်သူ Volvo Cars သည် ချစ်ပ်ပြတ်လပ်မှုကြောင့် ၎င်း၏စက်ရုံများထဲမှ တစ်ခုကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

"ထုတ်လုပ်မှု ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်” ဟု Volvo Cars ၏ ပြောရေးဆိုခွင့်ရှိသူ Merhawit Habte က ပြောသည်။ စက်ရုံကို တစ်ပတ်ပိတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
"ဒါဟာ ချစ်ပ် ပြတ်တောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ပြဿနာပါ" ဟု ၎င်းက ရှင်းပြသည်။
ယခင်လတွင် ဝယ်လိုအား ကောင်းနေသော်လည်း ထုတ်လုပ်မှုတွင် အားနည်းနေခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ ကားစက်ရုံသည် ကိုဗစ်ဖြစ်ပွားခြင်း၊ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားခြင်းတို့ ကြုံခဲ့ရကြောင်း  Volvo က   ပြောကြားခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ချစ်ပ် ပြတ်လပ်မှုနှင့် အခြားသော အတင်မပြေမှု များ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့်  Volvo ကားများကို အလျဉ်မီ ထုတ်လုပ်နိုင်ခဲ့ခြင်း မရှိသဖြင့် ဩဂုတ်လရောင်းအားမှာ ယမန်နှစ်ထက် ၄.၆% ကျဆင်းသွားကြောင်း၊ စီးရေ ၄၃,၆၆၆ ရောင်းချခဲ့ကြောင်း Volvo ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုဗစ်ကြောင့် တရုတ်နိုင်ငံရှိ ချန်ဒူမြို့မှ စက်ရုံကို ယာယီပိတ်ထားခဲ့ရပါသည်။ 
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 296 times