အင်ဒိုနီးရှားတွင် လျှပ်စစ်ကားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု စတင်


Volkswagen သည် သတ္ထုတူးဖော်ရေးကုမ္ပဏီ Vale နှင့် တရုတ် ဘတ်ထရီသတ္ထုထုပ်လုပ်ရေး ကုမ္ပဏီ Zhejiang Huayou Cobalt အပါအဝင် Ford ကားကုမ္ပဏီတို့ဖြင့် ပူးပေါင်းကာ အင်ဒိုနီးရှားတွင် လျှပ်စစ်ကား ဘတ်ထရီများအတွက် ဂေဟစနစ်တစ်ခု တည်ဆောက်သွားရန် အစီအစဉ်များ ရှိကြောင်း အရှေ့တောင်အာရှ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးက ပြောကြားခဲ့သည်။ 

 

မော်တော်ယာဉ် ထုတ်လုပ်သူများသည် လျှပ်စစ်ကား ဘတ်ထရီ ထုတ်လုပ်ရေးတွင် အသုံးပြုသည့် သတ္ထုကုန်ကြမ်းများ ရရှိရေးအတွက် အင်ဒိုနီးရှားအား ဖိတ်ခေါ်နေကြပြီး လျှပ်စစ်ကားထုတ်လုပ်ရေးတွင် ၄၀% ခန့် ရှိသည့် ကုန်ကြမ်းများအတွက် ကုန်ကျစရိတ် လျှော့ချနိုင်ကာ ဈေးကွက်တွင် ထိပ်ဆုံးရောက်နေသည့် Tesla ကို ယှဉ်ပြိုင်ရန် ကြိုးပမ်းနေကြသည်။ 

 

အဆိုပါ ဝန်ကြီးဖြစ်သူ Bahlil Lahadalia သည် ဥရောပ၏ အကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်သူ Volkswagen အနေဖြင့် Vale၊ Ford၊ Huayou၊ ပြင်သစ်သတ္ထုတူးဖော်ရေး Eramet အပြင် အခြားသော အင်ဒိုနီးရှားမှ ကုမ္ပဏီကြီးများ ဖြစ်သည့် Merdeka Gold Copper၊ Merdeka Battery နှင့် Kalla Group စသည့် ကုမ္ပဏီများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဧပြီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

 

အဆိုပါ ပူးပေါင်းလုပ်ဆောင်မှုများတွင် ဖက်စပ်လုပ်ငန်းများနှင့် ကုန်ကြမ်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သမ္မတ Joko Widodo ဦးဆောင်သော အင်ဒိုနီးရှားကုမ္ပဏီ ကိုယ်စားလှယ်များသည် စက်မှုလုပ်ငန်းပြပွဲ Hannover Messe နှင့် ဂျာမန်ဓာတုဗေဒကုမ္ပဏီကြီး BASF၊ Eramet နှင့် Volkswagen ကုမ္ပဏီများ၏ ကိုယ်စားလှယ်များနှင့် ဂျာမနီတွင် တွေ့ဆုံသည့် ဗီဒီယိုထုတ်ပြန်ချက်တွင် ၎င်းက ပြောကြားခဲ့သည်။

 

ဒါ့အပြင် Widodo ရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် Volkswagen ၏ ရင်းနှီးမြှုပ်နှံမှုကို ၎င်း၏ ဘက်ထရီ ယူနစ် PowerCo မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သီးခြား ထုတ်ပြန်ခဲ့သည်။

 

တစ်ချိန်တည်းတွင် Bahlil က BASF သည် အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက် Maluku ပြည်နယ်ရှိ Eramet နှင့် ပူးပေါင်းကာ ဘက်ထရီပစ္စည်းများ ထုတ်လုပ်ရန် စက်ရုံတည်ဆောက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံခန့် ရှိကြောင်း ပြောကြားခဲ့သည်။

 

Advertisement

Click Here >>> Han Myanmar Construction

 

BASF သည် အဆိုပါတောင်းဆိုချက်အတွက် မှတ်ချက်ပေးရန် ချက်ချင်းတုံ့ပြန်ခြင်းမရှိသော်လည်း Eramet နှင့် ၎င်း၏ ရင်းနှီးမြုပ်နှံမှု အစီအစဉ်အသေးစိတ်ကို ဇန်နဝါရီလတွင် ကုမ္ပဏီက အကဲဖြတ်ပြီးသည်နှင့် ထုတ်ပြန် ကြေညာမည်ဟု သိရသည်။

 

ဒါ့အပြင် Bahlil က ဥရောပကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်ဝင်စားလာခြင်းက အင်ဒိုနီးရှား၏ သတ္ထုမိုင်းတွင်း စီမံခန့်ခွဲမှုများသည် နိုင်ငံတကာ စံညွှန်းများကို လိုက်နာခြင်းမရှိသည့်အတွက် အနည်းငယ် စိုးရိမ်မိကြောင်းလည်း ဆိုသည်။ 

 

Jokowi ဟု အများသိကြသော Widodo က အင်ဒိုနီးရှားသည် နီကယ်သတ္တုတူးဖော်ခြင်းအတွက် ပတ်ဝန်းကျင် စံနှုန်းများကို စောင့်ကြည့်ခြင်းအား သတ္ထုထုတ်လုပ်ရေး လုပ်ငန်းများအတွက် ပိုမိုကောင်းမွန်စေမည်ဟု ပြီးခဲ့သည့်လက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ကမ္ဘာပေါ်တွင် အကြီးမားဆုံး နီကယ်သတ္ထုတွင်းများရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါ သတ္ထုအတွက် လုပ်ငန်းများ တိုးချဲ့ရန် ကြိုးပမ်းနေပြီး နောက်ပိုင်းတွင် ဘတ်ထရီများနှင့် လျှပ်စစ်ကားထုတ်လုပ်ရေး အတွက်ပါ ဦးတည်ထားကြောင်း သိရသည်။

 

Vale Indonesia

၂၀၂၃ ခုနှစ် မတ်လတွင် Ford ကုမ္ပဏီသည် Vale Indonesia နှင့် Huayou တို့၏ Sulawesi အရှေ့တောင်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ တန်ဖိုးရှိ နီကယ်သတ္ထုထုတ်လုပ်ရေး စက်ရုံတည်ဆောင်ရေးတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ၎င်း၏ အင်ဒိုနီးရှားနိုင်ငံအတွင်း ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှုကို စတင်ခဲ့သည်။ 

ထို့အပြင် Volkswagen သည်လည်း ဘက်ထရီ ထုတ်လုပ်မှုနှင့် ကုန်ကြမ်းအရင်းအမြစ်များ အပါအဝင် အခြားသောနယ်ပယ်များ၌ နောက်ငါးနှစ်အတွင်း ယူရို ၁၈၀ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၁၉၃ ဘီလီယံ ) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့်လက ပြောကြားချက်များအရ သိရသည်။


Source - Nikkei Asia

Read 186 times