Volkswagen, Porsche, Audi တို့ Tesla အီးဗီ အားသွင်းပလပ် သုံးစွဲမည်ဟု ကြေညာ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Volkswagen သည် အရည်အသွေး ပိုမိုမြင့်မားသည့် အားသွင်းကွန်ရက်ကို သုံးစွဲရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ယခုအခါ တက်စလာ၏ အီးဗီ အားသွင်း ကွန်ရက် သုံးစွဲရန် စကားမဟသေးသည့် ကားလုပ်ငန်းကြီးဟူ၍ Jeep, Chrysler, Ram, Dodge, Peugeot, Fiat အစရှိသည်တို့၏ မိခင်လုပ်ငန်း Stellantis သာ ကျန်တော့သည်။
Audi၊ Porsche နှင့် Scout Motors အစရှိသည်တို့ကို ပိုင်ဆိုင်သည့် Volkswagen Group သည် နောက်ဆုံး၌ အခြားသော ကားထုတ်လုပ်သူတိုင်းနီးပါး လုပ်ဆောင်ခဲ့ကြပြီးသည့်အတိုင်း Tesla ၏ လျှပ်စစ်ကားအားသွင်းစံကို အသုံးပြုတော့မည် ဖြစ်သည်။
၂၀၂၅ ခုနှစ်မှစ၍ VW မှ ထုတ်လုပ်သော ကားများတွင် တက်စလာ၏ Supercharger အတွက် အားသွင်းပေါက် တပ်ဆင်ပေးထားမည် ဖြစ်သည်။
၎င်းကာလမတိုင်ခင်တွင် VW သည် ၎င်း၏ အီးဗီများက တက်စလာ၏ Supercharger အားသွင်းကွန်ရက်တွင် ပလပ်ထိုးပြီး အားသွင်းနိုင်အောင် ကြားခံပစ္စည်း adapter များ ထုတ်လုပ်မည်ဟု ပြောကြားသည်။
၂၀၂၂ နိုဝင်ဘာလတွင် တက်စလာက ၎င်း၏ အားသွင်း နည်းပညာကို North American Charging Standard (NACS) ဟု အမည်ပေးခဲ့ပြီး အခြားကားကုမ္ပဏီများမှ အီးဗီများကို အသုံးပြုခွင့်ပေးမည်ဟု ကြေညာခဲ့သည်။
Ford သည် NACS ကို သုံးမည်ဟု အရင်ဆုံးကြေညာသည့် ကားကုမ္ပဏီ ဖြစ်သည်။ ထို့နောက် GM ကလည်း NACS ကို သုံးမည်ဟု ကြေညာသည်။ ထိုနောက်ပိုင်း ကားကုမ္ပဏီ တခုပြီးတခု NACS ကို သုံးမည်ဟု ကြေညာခဲ့ကြသည်။
၂၀၂၃ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ BMW Group, Fisker, General Motors, Honda, Hyundai Motor Group, Jaguar Land Rover, Lucid Motors, Mercedes-Benz, Nissan, Polestar, Rivian, Subaru, Toyota, Volvo Cars အစရှိသည်တို့ကလည်း NACS ကို သုံးမည်ဟု ကြေညာခဲ့ကြသည်။
Audi, Bentley, Bugatti, Porsche, Lamborghini အစရှိသည့် အမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် Volkswagen Group က ယခုမှ ကြေညာလိုက်ခြင်း ဖြစ်သည်။
Source theverge
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL