Volkswagen Passat ထုတ်လုပ်မှု နိဂုံးချုပ်


Volkswagen Passat ထုတ်လုပ်မှု နိဂုံးချုပ်

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် ချာတာနူဂါမြို့မှာ တည်ရှိတဲ့ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ Volkswagen Passat ထုတ်လုပ်မှု အပြီးအပိုင် ရပ်ပြီလို့ အသိပေးကြေညာပါတယ်။
နောက်ဆုံးထုတ်လုပ်တဲ့ ဆီဒင်ကားမော်ဒယ်က 2022 Passat Limited Edition ဖြစ်ပြီး ကိုယ်ထည်အရောင်က ပလက်တီနမ် မီးခိုးရောင် ဖြစ်ပါတယ်။ 

၁၉၇၄ မှစ၍ ယခုအချိန်အထိ အမေရိကန်ဈေးကွက်မှာ Passats စီးရေ ၁.၈ သန်းကျော် ရောင်းချခဲ့ပါတယ်။ ၁၉၉၀ မတိုင်ခင်က Dasher နှင့်  Quantum အမည်များဖြင့် Passat ကို ရောင်းချခဲ့ပါတယ်။

ပထမ မျိုးဆက် ၆ ခုကို ဥရောပမှာ ထုတ်လုပ်ပြီး အမေရိကန်သို့ တင်သွင်းရောင်းချခဲ့ပါတယ်။ သတ္တမမျိုးဆက် ဆီဒင်မော်ဒယ်ကို အမေရိကန်မှာ ထုတ်လုပ်ပါတယ်။ မြောက်အမေရိကဈေးကွက်အတွက်သာ သီးသန့်ထုတ်လုပ်ပါတယ်။ ယခင်ဆီဒင်မော်ဒယ်တွေထက် အရွယ်အစား ပိုကြီးပေးထားပါတယ်။ ဂျာမန်အင်ဂျင်နီယာနှင့် စတိုင်ထုတ်ထားပြီး ဈေးချိုသာတဲ့ကား အဖြစ် ဈေးကွက်တင်ပါတယ်။ လူကြိုက်နည်းခဲ့ပါတယ်။
အမေရိကန်ဈေးကွက်မှာ ခေတ်ရေစီးက ဆီဒင်ထက် ခရော့အိုဗာတွေကို ပိုကြိုက်‌ေနကြတယ်။ ဈေးချိုသာတာကြောင့်နဲ့တော့ ဆီဒင်ကို မရွေးချယ်ကြတာကြောင့် ရောင်းအားကျဆင်းပါတယ်။
ဆီဒင်တွေ ခေတ်ကောင်းတဲ့ ၂၀၁၂ မှာ Passat စီးရေ ၁၁၇,၀၂၃ ရောင်းရတယ်။ ၂၀၂၁ မှာ စီးရေ ၂၄,၃၉၆ မျှသာ ရောင်းရပါတယ်။ သို့ဖြစ်ရာ Volkswagen က အမေရိကန်မှ စက်ရုံမှာ Passat ထုတ်လုပ်မှု နိဂုံးချုပ်လိုက်ပါတယ်။

 

 

Read 2675 times