Volkswagen ID.7 Vizzion တရုတ်ဈေးကွက် တာထွက်မလှ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Volkswagen ID.7 Vizzion ဆီဒင်ကို ယွမ် ၂၃၇,၇၀၀ ဖြင့် တရုတ်နိုင်ငံတွင် အရောင်းဖွင့်သည်။
၇၂ နာရီအကြာအထိ အမှာစာ ၃၀၀ သာ ရရှိခဲ့ကြောင်း CarFans က အချက်အလက် ထုတ်ပြန်သည်။
တရုတ်နိုင်ငံမှ စားသုံးသူ အမူအကျင့် သုတေသန အေဂျင်စီ CarFans သည် ကားမော်ဒယ်အသစ် စတင်ရောင်းချပြီး သုံးရက်အတွင်း မော်ဒယ်များ၏ ရောင်းအားစွမ်းဆောင်ရည်ကို ဖော်ပြသည့် 72 နာရီကြာ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ထုတ်ဝေပေးခြင်းကို အထူးပြု လုပ်ကိုင်ပါသည်။
ID.7 ကို ဧပြီလတွင် Shanghai Auto Show မှာ ထုတ်ဖော်ပြသခဲ့သည်။
နိုဝင်ဘာလ ကြိုတင်အရောင်း စတင်ချိန်တွင် အရောင်းပြခန်းများသို့ လာရောက်ကြည့်ရှုသူ နည်းပါးသည်။
အရောင်းကိုယ်စားလှယ်များတွင် တစီးမှ မရောင်းရသူများ၊ တစီးသာ ရောင်းချရသူများ များပါသည်။ ၇၂ နာရီကြာပြီးချိန်တွင် စုစုပေါင်း အစီး ၃၀၀ သာ အမှာစာ လက်ခံရရှိခဲ့ပါသည်။
ID.7 သည် ဈေးမြင့်နေသဖြင့် စိတ်ဝင်စားမှု နည်းပါးသည်ဟု အစီရင်ခံစာတွင် သုံးသပ်ထားသည်။
ကားအတွင်းပိုင်း ကျယ်သည့်အချက်ကို သဘောကျကြသည်။ သို့သော် ထိုင်ခုံအနွေးဓာတ် ပေးခြင်းကဲ့သို့သော လုပ်ဆောင်ချက်များအတွက် အပိုထပ်ဆောင်းပြီး ငွေပေးချေရမည်ကို မလိုလားကြပါ။
ဖောက်သည်တို့၏ တုံ့ပြန်ဖြေကြားချက်များအရ ID.7 ကို ဝယ်ယူလိုစိတ် မရှိကြောင်း သိရသည်။
Volkswagen သည် ID စီးရီးကို နိုင်ငံပိုင် ကားထုတ်လုပ်သူများနှင့် ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း နှစ်ခုဖြင့် ထုတ်လုပ်သည်။
ဖက်စပ်လုပ်ငန်းတခုမှာ VW-FAW ဖြစ်ပြီး ကျန်တစ်ခုမှာ VW-SAIC ဖြစ်ပါသည်။
Volkswagen က ID.4 နှင့် ID.6 တို့ကို ထုတ်လုပ်ရာတွင် VW-FAW မှ ထုတ်လုပ်သည့် ID.4 နှင့် ID.6 တို့ကို ID.4 CROZZ နှင့် ID.6 CROZZ ဟု မော်ဒယ်အမည်တပ်ပြီး ဈေးကွက်တင်သည်။
VW-SAIC မှ ထုတ်လုပ်သည့် ID.4 နှင့် ID.6 တို့ကို ID.4 X နှင့် ID.6 X ဟု မော်ဒယ်အမည်တပ်ပြီး ဈေးကွက်တင်သည်။
ID.7 Vizzion ကို VW-FAW မှ ထုတ်လုပ်သည်။
တရုတ်ဈေးကွက်ထဲတွင် ယွမ် ၂ သိန်း အတန်းအစား ဆီဒင် အပိုင်းအကန့်သည် ပွဲကျပ်နေသည်။ ID.7 Vizzion ဆီဒင် တိုးပေါက်နိုင်ဖို့ ခဲယဉ်းနေသည်။
Zeekr 007, BYD Seal, BYD Han, Neta S, Rising F7, Leapmotor C01, Tesla Model 3 တို့ ရှိနေသည်။
Luxeed S7 နှင့် Xiaomi SU7 တို့ ထပ်တိုးလာဦးမည်။
အစဉ်အလာအားဖြင့် အင်ဂျင်ကားတွင် Volkswagen ကို ဂျာမန်အရည်အသွေး ရရှိသဖြင့် တရုတ်တို့က နှစ်သက်သည်၊
အစဉ်အလာအားဖြင့် အင်ဂျင်ကားအတွက် တရုတ်ပြည်သည် Volkswagen အဖို့ အကြီးမားဆုံး ဈေးကွက်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် အစီးရေ ၂.၂ သန်း ရောင်းချခဲ့သည်။
အီးဗီတွင် Volkswagen အနေဖြင့် ထူးမခြားနားအဆင့်မှာသာ ရှိနေသည်။
ID.3 hatchback သည် တရုတ်ပြည်တွင် ရောင်းအား မကောင်းသဖြင့် အကြိမ်ကြိမ် ဈေးချခဲ့ရသည်။ ယခုအခါ ယွမ် ၁၂၄,၉၀၀ ဖြင့် ရောင်းနေသည်။
ID.7 ကိုလည်း အလားတူပင် ဈေးချပေးရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
Source carnewschina
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL