Volkswagen ID.4 တရုတ်ပြည်မှာ ဈေးချ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တရုတ်နိုင်ငံ၌ Volkswagen ၏ ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်သည့် ID.4 CROZZ ကို တရုတ်ဈေးကွက်တွင် ရောင်းအား မြှင့်တင်ရန် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ ဈေးချပေးခဲ့သည်။
ဈေးနှုန်းအသစ်များသည် အနိမ့်ဆုံး ဗားရှင်းအတွက် ယွမ် ၁၄၅,၉၀၀ (20,100 USD) ဖြစ်ပါသည်။
ID.4 ကို တရုတ်ပြည်မှာ စတင်ရောင်းချစဉ်က ယွမ် ၁၉၃,၉၀၀ (26,700 USD) ဖြင့် ဈေးဖွင့်ခဲ့ပါသည်။
Volkswagen သည် တရုတ်ဈေးကွက်တွင် ဖက်စပ်လုပ်ငန်း ၂ ခု ဖြစ်သည့် SAIC-VW နှင့် FAW-VW တို့မှ တစ်ဆင့် လုပ်ကိုင်ပါသည်။
နှစ်ခုစလုံးတွင် အစုရှယ်ယာ ၅၀%စီ ပိုင်ဆိုင်ပါသည်။ ၎င်းဖက်စပ်လုပ်ငန်းများဖြင့် ID.4 နှင့် ID.6 တို့ကို လုပ်ကိုင်ပါသည်။
FAW-VW နှင့် ID.4 CROZZ နှင့် ID.6 CROZZ မော်ဒယ် ၂ ခုတို့ကို လုပ်ကိုင်ပါသည်။ ID.4X နှင့် ID.6X မော်ဒယ် ၂ ခုကိုလည်း လုပ်ကိုင်ပါသည်။
ID.4 CROZZ ကို FAW-SAIC နှင့်လည်း လုပ်ကိုင်ပါသည်။ ယခုဈေးချလိုက်သည်မှာ FAW-SAIC နှင့်လုပ်ကိုင်သည့် ID.4 CROZZ ဖြစ်ပါသည်။
ID.4 မော်ဒယ်ကို ဖက်စပ်လုပ်ငန်း နှစ်ခုဖြင့် လုပ်ကိုင်လျက်ရှိရာ ထုတ်လုပ်သည့်ကားချင်း အတူတူ ဖြစ်ပါသည်။ ရောင်းဈေးများလည်း ယေဘုယျအားဖြင့် အတူတူ ဖြစ်ပါသည်။
VW ID.4 ကို တရုတ်ပြည်မှာ ရောင်းချလျက်ရှိသည်မှာ ၂ နှစ်ကျော်ပြီ။ ၂၀၂၁ ဇန်နဝါရီလတွင် စတင်ရောင်းချခဲ့သည်။
VW ID.4 လျှပ်စစ် SUV ကို Volkswagen ၏ လျှပ်စစ်ကားစစ်စစ် ပလက်ဖောင်း MEB အပေါ်မှာ တည်ဆောက်ထားပါသည်။
အဆင့်မြင့် လုပ်ဆောင်ချက်များ၊ စွမ်းဆောင်ရည်များ ထည့်ပေးထားသည်။ အင်တာနက်ချိတ်ဆက် ဉာဏ်ရည်ပါ အီးဗီအဖြစ် ထုတ်လုပ်ထားပါသည်။
ID.4 ကို နောက်ဘီးယက်နှင့် ၄ ဘီးယက် ဗားရှင်း ၂ မျိုး ထုတ်လုပ်ထားပါသည်။
နောက်ဘီးယက် ဗားရှင်း မော်တာသည် ပါဝါ 150 kW နှင့် ရုန်းအား 310 Nm အထိ ထုတ်ပေးနိုင်သည်။
၄ဘီးယက်ဗားရှင်းတွင် ပါဝါ 230 kW နှင့် ရုန်းအား 460 Nm အထိ ထုတ်ပေးနိုင်သည်။
လွန်ခဲ့သည့် ၂ လ၊ ဇူလိုင်လတွင် VW သည် တရုတ်ပြည်မှာ ID.3 ကို ဈေးချခဲ့သည်။ အနိမ့်ဆုံးဗားရှင်း ရောင်းဈေး ယွမ် ၁၁၉,၉၀၀(16,500 USD) ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၆% ဈေးချလိုက်ခြင်း ဖြစ်ပါသည်။
ရလဒ်အဖြစ် ရောင်းအား တောက်လျှောက်မြင့်တက်ခဲ့ပါသည်။ ဈေးမချခင် ဇွန်လတွင် ၁,၈၁၉ စီး ရောင်းချခဲ့သည်။ ဈေးချသည့် ဇူလိုင်လတွင် ၇၃,၇၈ စီး ရောင်းချခဲ့သည်အထိ ခုန်တက်သွားလဲ့ပါသည်။
ဩဂုတ်လအတွက် စာရင်း အသေးစိတ် မထုတ်ပြန်သေးပါ။ ဩဂုတ်လတွင် တရုတ်ပြည်မှာ ID.3 စီးရေ တသောင်းကျော် ရောင်းချခဲ့ကြောင်း အကြမ်းအားဖြင့် အသိပေးပြောကြားခဲ့ပါသည်။
ID.3. ဈေးချရောင်းသည့်ပုံစံအတိုင်း ID.4 ကို ဈေးချပြီး ရောင်းအားမြင့်တက်စေမည် ဖြစ်သည်။
တရားဝင်ကြေညာချက်တွင် အရင်ဆုံး ဝယ်ယူသည့် အစီးရေ ၃,၀၀၀ အတွက်သာ လျှော့ဈေးဖြင့် ရမည်ဟု ဆိုထားသော်လည်း ယုံရခက် ဖြစ်နေကြပါသည်။
ID.3. ဈေးချရောင်းစဉ်က အရင်ဆုံး ဝယ်ယူသည့် အစီးရေ ၇,၀၀၀ အတွက်သာ လျှော့ဈေးဖြင့် ရမည်ဟု ဆိုခဲ့သော်လည်း အစီးရေ ၁၇,၀၀၀ ကျော် ရောင်းချပြီးပြီ ဖြစ်သည့်တိုင် ဈေးချထားဆဲ ဖြစ်ပါသည်။
Source: Volkswagen China, iTHome
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL