အိမ်ကို မီးပေးလို့ရမယ့် လျှပ်စစ်ကား


အိမ်ကို မီးပေးလို့ရမယ့် လျှပ်စစ်ကား

နည်းပညာက လျှပ်စစ်ကားက အိမ်ကို လျှပ်စစ်ဓာတ်အား ပေးလို့ရအောင် ဖန်တီးပေးထားပါတယ်။ ကားကားချင်း အားသွင်းပေးလို့လည်း ရစေပါတယ်။ 
 ဓာတ်အားကို ရေရှိရာအရပ်မှ ရေမရတဲ့အရပ်ဆီ သယ်ယူသလိုမျိုး လျှပ်စစ်ဓာတ်အား ရတဲ့ဆီမှ မရတဲ့ဆီကို လျှပ်စစ်ဓာတ်အား သယ်ယူပြီး သုံးစွဲနိုင်စေတယ်။
 အိမ်ကိုသာမက ဓာတ်အားလိုင်းကိုပါ လျှပ်စစ်ဓာတ်အား ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဂျာမနီ ကားထုတ်လုပ်ရေး မဟာလုပ်ငန်းကြီး Volkswagen က ယခုနှစ် အနှောင်းပိုင်းမှာ သူရဲ့ ID လျှပ်စစ်ကားတွေမှာ အသွင်းနှင့် အထုတ် ၂ မျိုး လုပ်လို့ရတဲ့ two-way စနစ်ကို ထည့်ပေးထားမယ်လို့ စီအီးအို Herbert Diess က အတည်ပြုပြောကြားပါတယ်။

two-way စနစ်မှာ သုံးစွဲထားတဲ့ နည်းပညာမှာ တစ်ခုက 'ယာဉ်မှ အိမ်သို့'  vehicle to home' (V2H) လို့ ဖြစ်ပါတယ်။ နောက်တစ်မျိုးက 'ယာဉ်မှ ဓာတ်အားလိုင်းသို့'  'vehicle to grid' (V2G)  လို့ ဖြစ်ပါတယ်။
ကားမှာပါတဲ့ ဘက်ထရီထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်ကို အိမ်သုံး အီလက်ထရွန်းနစ် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများထံ ပေးပို့ပေးတာ ဖြစ်ပါတယ်။
ပါဝါဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီးတော့လည်း ဓာတ်အားပေးလို့ ရပါတယ်။
 Volkswagen မှ ထုတ်လုပ်တဲ့ လျှပ်စစ်ကား ID မော်ဒယ်တွေ အကုန်လုံးမှာ ထည့်ပေးထားမယ်လို့ ဆိုပါတယ်။
 "ဒွိလားရာပြု Bi-directional အားသွင်းတာကို ယခုနှစ်မှာ ID မော်ဒယ်တွေ အကုန်လုံးမှာ ပါလာမယ်။ 77 kWh ဘက်ထရီ သုံးထားတယ်" လို့ စီအီးအိုက လူမှုကွန်ရက် Reddit ရဲ့ ခေါင်းစဉ်ခွဲ 'Ask Me Anything' မှာ ပြောပြထားပါတယ်။

Volkswagen ID 5

"စစချင်းမှာတော့ ကျွန်တော်တို့က အိမ်သုံး vehicle-to-home (V2H) ကိုပဲ ပေးထားဦးမယ်။ အိမ်သုံးဆိုတာက ခင်ဗျားအိမ်က အဝတ်လျှော်စက်ကို ကားဘက်ထရီနဲ့ လျှော်လို့ရတယ်" လို့ သူက ရှင်းပြပါတယ်။

ကားမှာ ပါတဲ့ ဘက်ထရီက စမတ်အိမ်သုံးဘက်ထရီ smart home battery အဖြစ် အသုံးတော်ခံမှာ ဖြစ်ပါတယ်။ 
မီးအားရတဲ့အခါ အားပြန်သွင်းထားပြီး မီးမရနဲ့အခါ ပြန်ထုတ်သုံးနိုင်မှာ ဖြစ်ပါတယ်။

 
ကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုအပိုင်းမှာ ရှုပ်ထွေးခြင်းတို့ကြောင့် two-wayစနစ်ကို Nissan နှင့်  Mitsubishi တို့သာ ကားတွေမှာ ထည့်ပေးထားလေ့ရှိပါတယ်။ နောက်နောင်မှာတော့ လျှပ်စစ်ကားတိုင်းမှာ ပါလာနိုင်ပါတယ်။ 
မတ်လမှ မေလအတွင်း စတင်ထုတ်လုပ်မယ့်  Ford F-150 Lightning electric ပစ်ကပ်မှာ two-wayစနစ် ပါလာမယ်လို့ ဆိုပါတယ်။

Read 620 times