Volkswagen က Huawei ရဲ့ ဌာနခွဲ ဝယ်ယူရန်ဆွေးနွေး


Volkswagen က Huawei ရဲ့ ဌာနခွဲ ဝယ်ယူရန်ဆွေးနွေး

ဂျာမန်ကားလုပ်ငန်း Volkswagen က တရုတ်နည်းပညာလုပ်ငန်း Huawei ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ ပင်ကိုယ်မောင်းနှင်းရေးဌာန autonomous driving unit ကို ဝယ်ယူဖို့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ ဈေးနှုန်းက ယူရိုဒေါ်လာ ဘီလျံချီမယ်လို့ သတင်းထွက်ပေါ်ပါတယ်။

autonomous driving unit ကို Huawei က ၂၀၁၉ မှာ ထူထောင်ခဲ့ပြီး အလိုအလျောက် ထိန်းကျောင်းမောင်းနှင်စနစ်အတွက် Huawei မှာ ရှိနေတဲ့ နည်းပညာတွေ သွန်ထည့်ပေးခဲ့လို့ ပင်ကိုယ်မောင်းနှင်ဌာနက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။
Huawei ကလည်း ပင်ကိုယ်မောင်းနှင် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မယ်လို့ သတင်းထွက်ပေါ်ပေမဲ့ Huawei က ငြင်းဆိုခဲ့ပါတယ်။ ၎င်းရဲ့ ရည်မှန်းချက်က လျှပ်စစ်ကား brand တွေကို အီလက်ထရွန်းနစ် အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်ရောင်းချရန်နှင့် ဆော့ဖ်ဝဲအမျိုးမျိုး ရောင်းချရန်ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ပင်ကိုယ်မောင်းနှင်နည်းပညာ ဖွံ့ဖြိုးတိုးတက်နှုန်းက အတော်မြန်ဆန်ပါတယ်။ မကြာသေးခင်က မောင်းသူမဲ့ တက္ကဆီ RoboTaxi စီးရေ ၁,၀၀၀ မှာ AutoX အလိုအလျောက်ထိန်းကျောင်းမောင်းနှင်မှု ဆော့ဖ်ဝဲ တင်ပေးထားပြီး လမ်းတွေပေါ်မှာ မောင်းသူမဲ့ တက္ကဆီများ ပြေးဆွဲနေကြပြီ ဖြစ်ပါတယ်။

Huawei ရဲ့ မော်တော်ယာဉ်လုပ်ငန်းဌာနခွဲရဲ့ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် Wang Jun, က  Huawei ရဲ့ ပင်ကိုယ်မောင်းနှင်ရေးဌာနခွဲရဲ့ အရွယ်အစားနှင့် ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ၂၀၂၁ မှာ ပြောခဲ့ဖူးတာက "သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံပေးနေတာ အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရောက်တော့မယ်။ သုတေသနနှင့် ဖွံ့ဖြိုးရေး ဝန်ထမ်းအင်အားက ၅,၀၀၀ ကျော်တယ်။ ပင်ကိုယ်မောင်းနှင်ရေးဌာနမှာတင် ဝန်ထမ်းအင်အား ၂,၀၀၀ ကျော် သုံးစွဲထားတယ်"

ယခုနှစ် ဇန်နဝါရီလတွင် Volkswagen ရဲ့ လက်အောက်ခံ ဆော့ဖ်ဝဲ လုပ်ငန်း Cariad က Bosch Group နှင့် မိတ်ဖက်ပြုခဲ့ပြီးအတူပူးပေါင်းကာ  Volkswagen ရဲ့ အိမ်စီးကားများအတွက် ပင်ကိုယ်မောင်းနှင်မှု ဆော့ဖ်ဝဲကို ပူးတွဲတီထွင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Volkswagen ကပင်ကိုယ်မောင်းနှင်မှု ဆော့ဖ်ဝဲ ဖန်တီးဖို့ နောက်ကျနေလို့ Huawei ရဲ့ ပင်ကိုယ်မောင်းနှင်ရေးဌာနကို ဝယ်ယူပြီး ခြေလှမ်းရှေ့ရောက်ဖို့ ကြိုးစားတာလို့ သုံးသပ်ကြပါတယ်။ 

Read 400 times