Volkswagen ၏ ၂၀၂၀ တွင် မိတ်ဆက်မည့် လျှပ်စစ်ကား


Volkswagen မှအနာဂတ်တွင် ၃၇၃ မိုင်အထက်မောင်းနှင်နိုငသော ခေတ်ရှေ့ပြေးဘက်ထရီနည်းပညာကို အသုံးပြုပြီး လျှပ်စစ်ကား(EV)ကိုထုတ်လုပ်ရန် ကြိုးစားနေကြောင်းသိရသည်။

ယင်းကားအမျိုးအစားသည် အမြင့်ဆုံးအမြန်နှုန်း 99mph(တစ်နာရီ ၉၉ မိုင်)နှုန်းထက်ကျေ်ာလွန်အောင် မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

ပထမဆုံးအနေဖြင့် Volkswagen မှာ Beetle ကိုထုတ်လုပ်ပြီး ယင်းနောက်တွင် ဂေါက်ကွင်းတွင်အသုံးပြုနိုင်သော လျှပ်စစ်ကားများကို ထုတ်လုပ်ထားပါသည်။

ယင်းနောက်တွင် Volkswagen Group မှမိသားစုအသုံးပြုနိုင်သော ဟက်ချ်ဘက်(Hatchback) လျှပ်စစ်ကားကိုထုတ်လုပ်ရန် စတင်ခဲ့သည်။

ပထမဆုံးစမ်းသပ်ထုတ်လုပ်ထားသော လျှပ်စစ်ကား၏ အီလက်ထရစ်မော်တာမှာ မြင်းကောင်ရေ ၁၆၈ ရှိပြီး ၂၄၉ မိုင်အထိမောင်းနှင်နိုင်ပါသည်။

မိုင်အများကြီးကိုမောင်းနှင်နိုင်ရန်အတွက် ဘက်ထရီနည်းပညာကိုတိုးမြှင့်မည်ဖြစ်သည်။

ထို့ကြောင့် 2020 တွင်မိတ်ဆက်မည့်လျှပ်စစ်ကားမှာ ၃၇၃ မိုင်အထိမောင်းနှင်နိုင်မည်ဖြစ်သည်။

ယာဉ်လမ်းကြောင်းပြစနစ်ကိုအခြေခံပြီး အလိုအလျောက်မောင်းနှင်နိုင်သော ခေတ်ရှေ့ပြေးလျှပ်စစ်ကား အဖြစ်ပုံပေါ်လာမည်ဖြစ်သည်။

ပြိုင်ကားတစ်စီးကဲ့သို့ဖြစ်လာမည်မဟုတ်သော်လည်း အတွင်းခန်း၏ ခေတ်မီပြည့်စုံမှုများက ယာဉ်ကို တည်တည်ငြိမ်ငြိမ်နှင့် သက်တောင့်သက်သာ စီးနင်းနိုင်အောင် ဒီဇိုင်းထုတ်ပေးထားခြင်းဖြစ်သည်။

Source:Kumudra journal

Read 1202 times