Volkswagen  တရုတ်ဖြတ်လမ်း ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံ


Volkswagen  တရုတ်ဖြတ်လမ်း ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၆၉ ဘီလီယံရှိသည့် Volkswagen က တရုတ်အီးဗီကုမ္ပဏီ Xpeng မှာ ကန်ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ဆောင်ရွက်နေသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံခြင်းကြောင့် Xpeng ၏ နည်းပညာများဖြင့် Volkswagen အတွက် လျှပ်စစ်ကားများကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။

VW ၏ ဘက်ထရီသုံး အီးဗီများ တရုတ်ပြည်တွင် ရောင်းအားနှေးနေသည်။ 
VW ၏ အီးဗီမော်ဒယ်များအတွက် ဆော့ဖ်ဝဲလ်ကို တာဝန်ယူထားသည့် VW လက်အောက်မှ Cariad သည် ဆော့ဖ်ဝဲလ် ထုတ်လုပ်ရာတွင် နှောင့်နှေးနေသည်။ အလျဉ်မီအောင် ထုတ်လုပ်ပေးနိုင်ခြင်း မရှိချေ။

တရုတ်ကားဈေးကွက်သည် VW အတွက် အကြီးမားဆုံးဈေးကွက်ဖြစ်သည်။ တရုတ်ပြည်တွင် အင်ဂျင်ကားမော်ဒယ်များအတွက် အရောင်းရဆုံး brand ဖြစ်သည်။ ဈေးကွက်ဝေစု ၂၀% ရရှိထားသည်။
တရုတ်ပြည် အီးဗီကားဈေးကွက်တွင် VW သည် ဈေးကွက်ဝေစု ၂.၆% မျှသာ ရရှိသည်။  BYD အပါအဝင် တရုတ်အီးဗီ brand များက အပြတ်အသတ် အသာရနေသည်။

အင်ဂျင်ကားဈေးကွက်မှ ဈေးကွက်ဝေစု


စွမ်းအင်သစ်ကားဈေးကွက်မှ ဈေးကွက်ဝေစု


VW သည် တရုတ်ပြည်အတွက် အီးဗီ ID စီးရီးကို တရုတ်ကားလုပ်ငန်းများဖြစ်ပြီး ကာလရှည်ကြာ လက်တွဲခဲ့ကြသော FAW နှင့် SAIC တို့နှင့် ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်းများဖြင့် ထုတ်လုပ်သည်။ 
တရုတ်ပြည်တွင် VW ထုတ်လုပ်မှု စတင်ခဲ့စဉ်ကာလတွင် တရုတ်ပြည်တွင်း ကားလုပ်ငန်းနှင့် ဖက်စပ်လုပ်ငန်း ထူထောင်မှသာ ထုတ်လုပ်ခွင့် ရရှိသည့် စည်းမျဉ်းရှိနေခဲ့သဖြင့် VW က FAW နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ခဲ့သည်။ SAIC နှင့်လည်း ဖက်စပ်လုပ်ငန်း ထူထောင်ခဲ့သည်။

ယခု VW က အီးဗီခေတ်မှ ပေါ်ပေါက်လာသည့် Xpeng နှင့် လက်တွဲပြီး Xpeng ၏ နည်းပညာဖြင့် အီးဗီ မော်ဒယ်အသစ်ကို ထုတ်လုပ်မည့် ဖြတ်လမ်းကို ရွေးချယ်ထားသည်။
VW သည် Xpeng ၏ ရှယ်ယာ ၅% ကို ရရှိမည်ဖြစ်ပြီး ဒါရိုက်တာ ဘုတ်အဖွဲ့တွင် နေရာတနေရာ ရရှိမည်။

Xpeng ၏ ခေတ်ရှေ့ပြေးသည့် ဆော့ဖ်ဝဲလ်ကို VW  ၏ မော်ဒယ်အသစ်တွင် ယူသုံးခွင့်လည်း ရရိမည်။ ယာဉ်မောင်းထောက်ကူ၊ နှုတ်စကားဖြင့် ကားကို စေခိုင်းခြင်း၊ ယာဉ်အတွင်း ဖျော်ဖြေရေး အစရှိသည်တို့အတွက် ခေတ်မီဆော့ဖ်ဝဲလ်ကို အဆင်သင့် ရရှိမည်။

VW အနေဖြင့် မော်ဒယ်အသစ်ကျပ်ချွတ်တစ်ခု ထုတ်လုပ်မည်ဆိုပါက ၅ နှစ်အထိ ကြာနိုင်သည်။ Xpeng ထံမှ ရယူသုံးစွဲသည့်အတွက် VW သည် အီးဗီမော်ဒယ် ၂ ခုကို ၂၀၂၆ ခုနှစ်တွင် စတင် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
Source Reuter
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 595 times