ဂျပန်ကားများထက် ပိုပြီးကြမ်းခံတဲ့ ၁၃ဝဝ စီစီ ကားအမျိုးအစားထဲက တခြားအမျိုးအစားတစ်ခုကို ရွေးချယ်မယ်ဆိုရင် ဂျာမနီနိုင်ငံထုတ် Volkswagen Polo က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။
Poloကို နောက်ပိုင်းမှာတင်သွင်းမှုများလာတဲ့ အတွက် အပိုပစ္စည်းလည်း ရှာ၇လွယ်ကူပြီးဈေးတန်းဝင်တဲ့ ကားလည်းဖြစ်လို့ ဂျပန်ကားဈေးတွေ မြင့်တက်နေတဲ့အချိန်မှာ ရွေးချယ်သင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ Polo ကို ကုမ္ပဏီကနေ ၁၉၇၅ ခုနှစ်မှာ Supermini ကားအနေနဲ့ စတင်ထုတ်လုပ်ခဲ့ပြီး ဥရောပမှာတင်မက ကမ္ဘာ့အနှံ့အပြားမှာလည်း Hatchback ၊ Sendan ၊ Station Wagon အနေနဲ့ ပုံစံအမျိုးမျိုး ထုတ်လုပ်ပါတယ်။ ၂၀၀၉ မိုဒယ်ကစပြီး ပဉ္စမမြောက်မျိုးဆက်အဖြစ် ထုတ်လုပ်ခဲ့ရာမှာ European Car of the Year ၊ Japan Import Car of the Year နဲ့ Five-Star Euro NCAP စတဲ့ ဆု
တွေကို ရရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံထုတ် ကားဖြစ်တဲ့ အတွက် ဂျပန်ကားတွေထက် ဘော်ဒီ ၊ သံပြား ပိုထူးပြီး အင်ဂျင်စက်စွမ်းအားလည်း ပိုကောင်းပါတယ်။
အင်ဂျင်အမျိုးအစား
Volkswagen Polo မှာ အင်ဂျင်ပါဝါ ၁၁၉ရ စီစီနဲ့ ၁၃၉၄ စီစီ နှစ်မျိုးရှိပြီး ၁၁၉ရ စီစီကိုပဲ ဈေးကွက်ထဲမှာ အများဆုံး တွေ့ရပါတယ်။ ဒီကားဟာ အင်ဂျင်ပါဝါ ၁၂၀၀ စီစီပဲရှိပေမဲ့ တာဘိုအင်ဂျင်ဖြစ်တဲ့အတွက် စက်စွမ်းအား မြင့်မားပါတယ်။ အင်ဂျင်မိုဒယ်က CBZ ဖြစ်ပြီး Chassis အနေနဲ့ ခွဲမယ်ဆိုရင် Polo က 6RCBZ ၊ Cross Polo က 6CRBZW ဖြစ်ပါတယ်။
ဈေးနှုန်း
Volkswagen Cross Polo ၂၀၁၂၊ ၂၀၁၃ မိုဒယ်ကို နယ်လိုင်စင်နံပါတ် ထွက်ပြီးသားကားဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၂၈ဝ နဲ့ သုံးရာကြားရှိပြီး Polo ကတော့ ဂရိတ်အပေါ်မူတည်လို့ ကျပ်သိန်း ၂၃၀ နဲ့ ၂၆ဝ ကြားမှာ ရှိပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
၂၀၀၁၃ မိုဒယ် Polo မှာ Active Bluemotion Technology ၊ TSI Confortline Bluemotion Technology ၊ TSI Highline နဲ့ Cross Polo စတဲ့ ဂရိတ်ခွဲတွေ ရှိပါတယ်။ Cross Polo က ရိုးရိုး Polo ထက် အရွယ်အစား မသိမသာကြီးသွားပြီး ရှေ့ရုပ်လည်း ကွဲထွက်သွားပါတယ်။ ဂရိတ်အမြင့်ဆုံးလို့ ဆိုနိုင်တဲ့ Cross Polo မှာ Digital Aircon ဖြစ်သွားပြီး အလွိုင်းကလည်း ၁ရ လက်မ ဖြစ်သွားသလို ရှေ့/နောက်နှင်းခွဲမီးတွေနဲ့ ရှေ့စပွိုင်လာလည်း ပါသွားပါတယ်။ ရိုးရိုး Polo မှာ TSI Highline က Digital Aircon ဖြစ်သွားပေမဲ့ အလွိုင်းဆိုက်က ၁၅ လက်မပဲ ရှိပါတယ်။ ဒီဂရိတ်မှာလည်း ရှေ့/နောက် နှင်းခွဲမီးတွေ ပါရှိပါတယ်။ ကျန်ဂရိတ်တွေမှာတော့ ManualAircon ဖြစ်သွားပြီး အလွိုင်းအစား အော်ရီဂျင်နယ် ဘီးအဖုံးသာ ပါရှိပါတယ်။