Vispa Primarvera


ထိုအမျိုးအစားဆိုင်ကယ်ကို အီတလီနိုင်ငံ Piaggio ကုမ္ပဏီထုတ် classic ဒီဇိုင်းနှင့် auto ဂီယာအမျိုးအစား Vispa Primarvera ဆိုင်ကယ်သည် စုံတွဲအများဆုံးစီးကြသည်ဟု သိရသည်။

Auto ဆိုင်ကယ်များထဲတွင် ဂီယာအရည်အသွေးမြင့် CVT Type ပုံစံဖြစ်သည့် Iget အင်ဂျင်အမျိုးအစားကို အသုံးပြုထားသောကြောင့် စီးသည့်အခါ ငြိမ့်ညောင်းမှုရှိပြီး လီဗာအသုံးပြုရာတွင်လည်း ညင်သာမှုရှိစေသည်ဟု သိရသည်။

အင်ဂျင်ပါဝါ 125CC ၊ ဆလင်ဒါ တစ်လုံးထိုးနှင့် 4-Strokes, 3Value နှင့် Electronic Injection (EFI) စနစ်အသုံးပြုထားပြီး မီးခွက်ကို အဝိုင်းပုံစံ ပြုလုပ်ထားသည့်အပြင် ရှေ့နှင့် နောက်ဒစ်ဘရိတ်ပါရှိပါသည်။

ပန်ကာအသုံးပြုသည့် Air Cooled Type နည်းပညာအသုံးပြုထားသောကြောင့် အင်ဂျင်အပူလွန်ကဲမှုကို ထိန်းထားနိုင်ပြီး Top Speed အနေဖြင့် 100 km/h အသုံးပြုနိုင်ပါသည်။

အရောင်အနေဖြင့် ၂၀၁၆ မိုဒယ်မှာ ကာလာဆန်း ခဲဖြူရောင်၊ နက်ပြာနှင့် အနက်ရောင်သုံးမျိုးထွက်ရှိသည့် အထဲတွင် နက်ပြာရောင်နှင့် အနက်ရောင်ကို ပိုပြီးလူကြိုက်များသည်ကို တွေ့ရသည်။

Vispa Primarvera ဆိုင်ကယ်ဈေးနှုန်းမှာ ကျပ် ၄၃ သိန်းဝန်းကျင်ရှိပြီး အင်ဂျင်အာမခံ ၂ နှစ်(သို့မဟုတ်) ကီလိုမီတာ ၂၄,၀၀၀ အထိဆားဗစ်အာမခံရှိသည်ဟု သိရသည်။

Vispa ဆိုင်ကယ်၏ ထူးခြားမှုမှာ အရည်အသွေးမြင့်သည့် ရှေ့ဖောက်တစ်ချောင်းတည်းပါရှိပြီး မီးခွက်အဝိုင်း ဒီဇိုင်းကြောင့်လည်း လူငယ်အများစုစိတ်ဝင်စားသောဒီဇိုင်းဖြစ်လာပါသည်။

EFI စနစ်ကြောင့် ဆီစားနှုန်းသက်သာပြီး စက်သုံးဆီ တစ်လီတာကို ၂၆ မိုင်နှုန်းမောင်းနှင်းမည်ဖြစ်ပြီး ကိုးလီတာဆံ့သည့် ဆီတိုင်ကီလည်းပါရှိသည်ကိုတွေ့ရသည်။

စက်သုံးဆီရွေးချယ်မှုမှာ Octane 95 ဆီအမျိုးအစားကို အသုံးပြုပါကအင်ဂျင်ပါဝါအတွက် ပိုသင့်တော်သော်လည်း နေရာမရွေးအသုံးပြုနိုင်အောင် Octane 92 ကိုလည်းရွေးချယ်အသုံးပြုနိုင်ပါသည်။

 

Read 1957 times