VinFast အီးဗီ  ပြဿနာများကြုံတွေ့ပါက နစ်နာကြေးပေးမည့် ထူးထူးခြားခြားအစီအစဉ် စတင်


VinFast အီးဗီ  ပြဿနာများကြုံတွေ့ပါက နစ်နာကြေးပေးမည့် ထူးထူးခြားခြားအစီအစဉ် စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL



ဗီယက်နမ်နိုင်ငံမှ အီးဗီထုတ်လုပ်သည် VinFast သည် ၎င်း၏ယာဉ်များတွင် ပြဿနာများကြုံတွေ့ရပါက နစ်နာကြေး ပေးအပ်မည့် အစီအစဉ်သစ်ကို စတင်ပါသည်။
.
ပြဿနာ၏ ပြင်းထန်မှုအပေါ် မူတည်၍ အမျိုးအစား ဆုံးဖြတ်ပြီး ပိုင်ရှင်ကို နစ်နာကြေး ပေးအပ်မည်ဖြစ်သည်။
.
VF 8 မော်ဒယ်လ် ပထမအသုတ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်သို့ ဗီယက်နမ်မှ တင်ပို့ခဲ့ရာ ၂၆ ရက်အကြာ ဒီဇင်ဘာလ ၂၀ ရက်တွင် ကယ်လီဖိုးနီးယားသို့ ရောက်ရှိခဲ့သည်။

ဆော့ဖ်ဝဲ ပြဿနာများကြောင့် ကားအပ်နှံဖို့ ရက်ရွှေ့ဆိုင်းခဲ့ရသည်။ မတ်လရောက်မှ ကားအပ်နှံခြင်း စတင်နိုင်ခဲ့သည်။
.
ဆော့ဖ်ဝဲတွင် ပြဿနာများ ရှိနေဆဲ ဖြစ်သဖြင့် မေလ ၂၅ ရက်တွင် အင်တာနက်မှတစ်ဆင့်  လေထဲမှပေးပို့ခြင်း over-the-air (OTA) ဖြင့် update ပေးခဲ့သည်။
.
ယခုအခါ VinFast က နစ်နာကြေး ပေးအပ်မည့် အစီအစဉ်ကို စတင်လိုက်သည်။
.
“Special Aftersales Policy”အစီအစဉ်အရ ကားပိုင်ရှင်ကို ငွေသားဖြစ်စေ၊ ဝန်ဆောင်မှုပြေစာ ဖြစ်စေ ပေးအပ်မည်။
.
နစ်နာကြေးကို အမျိုးအစား ၃ မျိုး ခွဲခြားသတ်မှတ်ထားသည်။ 
.

  • Type 1  ပြဿနာ အမျိုးအစားသည် ယာဉ်သုံးစွဲမှုအပေါ် သက်ရောက်မှု မရှိသော ပြဿနာများ ဖြစ်ပါသည်။ နစ်နာကြေး $100 ပေးအပ်မည် ဖြစ်ပါသည်။
  • .
  • Type 2 ပြဿနာ အမျိုးအစားသည် ယာဉ်သုံးစွဲမှုအပေါ် သက်ရောက်မှု ရှိပါသည်။ နစ်နာကြေး $300 ပေးအပ်မည် ဖြစ်ပါသည်။ ထို့ပြင် လမ်းပေါ်မှ ကြုံရပါက အကူအညီ အခမဲ့ စီစဉ်ပေးပါမည်။
  • .
  • Type 3 ပြဿနာ အမျိုးအစားသည် ပြုပြင်ပေးရန် ၃ ရက်ကျော် ကြာမည့် ပြဿနာမျိုး ဖြစ်ပါသည်။ ပြုပြင်ပေးနေစဉ် တစ်ရက်လျှင် $100 နစ်နာကြေး ပေးအပ်မည် ဖြစ်ပါသည်။
  • .
  • အကယ်၍ Type 1 နှင့် Type 2 ပြဿနာများ တစ်ချိန်တည်းတွင် ဖြစ်ပွားပါက နစ်နာကြေးနှင့် ပံ့ပိုးမှု နှစ်မျိုးစလုံး အကျုံးဝင်မည်ဖြစ်သည်။ အကယ်၍ Type 3 ပြဿနာများလည်း ပါဝင်နေလျှင် Type 3 အတွက်ပါ နစ်နာကြေး ရရှိမည်။
  •  .
  • VinFast သည် ပြဿနာအမျိုးအစားကို ဆုံးဖြတ်မည်ဖြစ်သည်။ 

.
Special Aftersales Policy သည် အမေရိကန်၊ ကနေဒါ နှင့် ဗီယက်နမ်တို့ တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ စတင်အသက်ဝင်ပါသည်။ ဥရောပ ဈေးကွက်မှာ စတင်ရောင်းချသည့်အခါတွင်လည်း အလားတူ နစ်နာကြေး အစီအစဉ် ကျင့်သုံးမည်ဟု ဆိုပါသည်။ 


Source electrek
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 352 times