ဗီယက်နမ်မှ VinFast  အမေရိကန်၊ ကနေဒါနှင့်  ဥရောပသို့ အီးဗီများ စတင်ပေးပို့မည်


ဗီယက်နမ်မှ VinFast  အမေရိကန်၊ ကနေဒါနှင့်  ဥရောပသို့ အီးဗီများ စတင်ပေးပို့မည်

 

ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ကျောထောက်နောက်ခံပြုထားသည့် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း VinFast သည် အမေရိကန်၊ ကနေဒါနှင့် ဥရောပရှိ မှာကြားထားသူများထံသို့ ကားအစီးရေ ၅,၀၀၀ ခန့်ကို နိုဝင်ဘာလဆန်းပိုင်းတွင် တင်ပို့မည်ဖြစ်သည်။ ဒီဇင်ဘာလတွင် ကမ္ဘာတစ်လွားသို့ ပေးပို့မည်ဟု VinFast ၏ မိခင်လုပ်ငန်းစု Vingroup JSC က ထုတ်ပြန်ကြေညာသည်။

ကမ္ဘာတစ်လွှားမှ အမှာစာများ စီးရေ ၇၃,၀၀၀ ခန့် ရရှိထားပြီး ဖြစ်ပါသည်။  VinFast သည် ၎င်း၏ပထမဆုံးနိုင်ငံတကာမော်ဒယ်ဖြစ်သည့် VF8 SUV ကားများအား ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဆိပ်ကမ်းမြို့ Haiphong ရှိ ၎င်း၏စက်ရုံတွင် စနေနေ့ (စက်တင်ဘာ ၁၀)တွင်  ပြည်တွင်း မှာကြားသူများအား ပေးအပ်ခဲ့ပါသည်။

 

အလယ်အလတ် အရွယ်အစား SUV ၏စျေးနှုန်းများသည် ဘက်ထရီအပါအဝင် ဆိုပါက အမေရိကန်ဒေါ်လာ ၅၇,၀၀၀ မှ စတင်ပါသည်။ ဘက်ထရီအတွက် လစဉ်ကြေး ပေးသွင်းသည့် အစီအစဉ်ဆိုပါက ကန်ဒေါ်လာ ၄၂,၀၀၀ မှ စတင်ပါသည်။

 

Source Bangkokpost

#MyanmarAutomobileGuide

 Telegram Channel  https://t.me/Guid4U

Read 969 times