ဖိလစ်ပိုင်တွင် VinFast ရင်းနှီးမြှုပ်နှံမှု စတင်မည်


ဖိလစ်ပိုင်တွင် VinFast ရင်းနှီးမြှုပ်နှံမှု စတင်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်မှ လျှပ်စစ်ကားများသာ ထုတ်လုပ်သည့်  VinFast သည် ဖိလစ်ပိုင်တွင် အီးဗီ လုပ်ငန်းကဏ္ဍကွန်ရက်တစ်ခုကို ထူထောင်တော့မည်ဖြစ်ကြောင်း VinFast ၏ မိခင်ကုမ္ပဏီ Vingroup မှ ကြေညာချက် ထုတ်ပြန်ပါသည်။

 

ဖိလစ်ပိုင်တွင် ရင်းနှီးမြှုပ်နှံမှုကို ယခုနှစ်အတွင်း စတင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

VinFast မှ ထုတ်လုပ်သော လျှပ်စစ်မော်တော်ဆိုင်ကယ်များကိုလည်း ဖိလစ်ပိုင်တွင် ဖြန့်ဖြူးရောင်းချမည် ဖြစ်သည်။ 

 

ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အတွင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ သည် Vingroup ဥက္ကဋ္ဌ Pham Nhat Vuong နှင့် အကြီးတန်းအမှုဆောင်အရာရှိများနှင့် ဟနွိုင်းတွင် သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ၎င်းကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

Pham Nhat Vuong (ဝဲမှ ဒုတိယမြောက်), CEO of VinFast, and Philippine President Ferdinand Marcos (ယာမှ ဒုတိယမြောက်) တို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ဟနွိုင်းမှာ ကျင်းပသည့် အစည်းအဝေးအပြီး အမှတ်တရ ဓာတ်ပုံ 

 

 

 ဖိလစ်ပိုင်သည် ၎င်း၏ သယ်ယူပို့ဆောင်ရေးကဏ္ဍကို အီးဗီဆီသို့ ကူးပြောင်းရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ အင်ဂျင်သုံး မော်တော်ယာဉ်များကို ဘက်ထရီသုံး လျှပ်စစ်မော်တော်ယာဉ်များဖြင့် အစားထိုးရန် စီစဉ်ဆောင်ရွက်နေပါသည်။

Source tnglobal


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 168 times