VinFast တံခါး ၂ ပေါက် ၅ ယောက်စီး မီနီအီးဗီ ပွဲထုတ်ပြသ


VinFast တံခါး ၂ ပေါက် ၅ ယောက်စီး မီနီအီးဗီ ပွဲထုတ်ပြသ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 ဗီယက်နမ်နိုင်ငံမှ အီးဗီ ထုတ်လုပ်ရေး လုပ်ငန်း   VinFast သည် တံခါးနှစ်ပေါက် ငါးယောက်စီး 'မီနီအီးဗီ' VF 3 ကို ပွဲထုတ်ပြသသည်။

 VinFast သည် ယခုနှစ်အတွင်း အမေရိကန်တွင် ကားများ ရောင်းချသည့် ဗီယက်နမ်၏ ပထမဆုံးသော ကားထုတ်လုပ်သူ ဖြစ်လာခဲ့သည်။
 ယခုအခါ ဗီယက်နမ် ပြည်တွင်းဈေးကွက်ကို ဦးတည်ထားသည့် တံခါးနှစ်ပေါက် လျှပ်စစ်ကားအသစ်ကို ပွဲထုတ်သည်။
 ကားစီးသည်ထက် မော်တော်ဆိုင်ကယ် ပိုအစီးများပြီး လမ်းများပေါ်တွင် မော်တော်ဆိုင်ကယ် အစီးရေ သန်း ၇၀ ရှိနေသည့်ကြားတွင် မီနီအီးဗီ VF 3 ကို ဈေးကွက်ဖော်ဆောင်ရမည် ဖြစ်သည်။
 
 ဂျစ်ကားဆန်ဆန် မီနီအီးဗီသည်  အရှည် ၃.၁ မီတာသာ ရှိသည်။

 VinFast သည် အမေရိကန်ဈေးကွက်သို့ ကားများ တင်ပို့ခြင်း၊ အမေရိကန်တွင် စက်ရုံတည်ဆောက်ခြင်း၊ အမေရိကန်တွင် ရှယ်ယာများ ရောင်းချရန် စီစဉ်နေခြင်းတို့ဖြင့် အပြင်းအထန် လုပ်ကိုင်နေစဉ် ပြီးခဲ့သည့်  ဧပြီလတွင် ဗီယက်နမ်အတွက် VinFast ၏ စျေးအသက်သာဆုံးဖြစ်သည့် ဒေါ်လာ ၂၃,၀၀၀ တန် လျှပ်စစ်ကား မော်ဒယ်ကို  မိတ်ဆက်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများသို့ မောင်းဝင်ရန် အစီအစဉ် ရှိကြောင်း မေလတွင် ကြေညာခဲ့သည်။
ဥရောပနှင့် ကနေဒါ ဈေးကွက်များတွင်လည်း ကားများ ရောင်းချမည်။

VinFast က ၎င်း၏ နောက်ဆုံးမော်ဒယ်ဖြစ်သော VF 3 ကို ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် ပေးအပ်မည်ဖြစ်ပြီး ဈေးနှုန်းမှာ ကားဝယ်စီးသူ အများစု တတ်နိုင်မည့် ဈေးနှုန်း ဖြစ်မည်ဟု ပြောကြားသည်။
ကားဒီဇိုင်းသည် ပြည်တွင်း ကားသုံးစွဲသူများ၏ ထူးခြားသောဝိသေသလက္ခဏာများနှင့် မောင်းနှင်မှုပုံစံများအတွက် ရည်ရွယ်ထားသည် ဟု ဆိုသည်။
VF 3 သည် ဗီယက်နမ်ပြည်သူများအတွက် 'အမျိုးသားယာဉ်သစ်' ဖြစ်လာရန် အလားအလာရှိသည်ဟု ဆိုသည်။

BYD အပါအဝင် တရုတ်ပြိုင်ဘက်များသည် ဗီယက်နမ်သို့ စတင်ဝင်ရောက်လာကြသည်။
 ပြည်ပမှ တင်သွင်းသည့် ကားများအပေါ် သွင်းကုန်ခွန် မြှင့်တင်ထားသဖြင့် ရောင်းဈေး မြင့်နေခြင်းက အားနည်းချက်တစ်ခု ဖြစ်နေစေသည်။
Hongguang သည် "လမ်းလျှောက်မယ့်အစား ကားစီး" ဟု ကြွေးကြော်ပြီး ၎င်း၏ Mini EV ကို $4,500 ဖြင့် ရောင်းချသည်။
VinFast သည် ပြည်တွင်း အီးဗီ ရောင်းအားကို ကြီးစိုးထားပြီး ဆက်လက်ကြီးစိုးထားဖို့ ဈေးသက်သာသည့် အီးဗီများကို ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်သွားမည် ဖြစ်သည်။

 


Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 472 times