VinFast က အမေရိကန်နိုင်ငံတွင် ရှယ်ယာရောင်းချရန် လျှောက်ထား


VinFast က အမေရိကန်နိုင်ငံတွင် ရှယ်ယာရောင်းချရန် လျှောက်ထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ် Pham Nhat Vuong က ကျောထောက်နောက်ခံပြုထားသည့် လျှပ်စစ်ကားထုတ်လုပ်သူ VinFast က အမေရိကန်တွင် ကနဦး လူထုထံ ရှယ်ယာရောင်းချခြင်း Initial Public Offering (IPO) ဆောင်ရွက်ရန် US Securities and Exchange Commission ထံမှာ လျှောက်ထားပါတယ်။ 
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ ကားမှာကြားထားသူများထံ VinFast ရဲ့ ပထမဆုံး မော်ဒယ် sport utility vehicle(SUV) များကို မကြာခင်မှာ စတင်ပေးပို့တော့မှာ ဖြစ်ပါတယ်။ 

 


.
Pham Nhat Vuong ထူထောင်ထားတဲ့ Vingroup JSC ကုမ္ပဏီစုကြီးရဲ့ လက်အောက်ခံလုပ်ငန်း  VinFast ရဲ့ ကနဦး လူထုထံ ရှယ်ယာရောင်းချမှုအတွက် JPMorgan Chase & Co, Citigroup Inc, Credit Suisse Group AG, Morgan Stanley အပါအဝင် ငွေကြေးလုပ်ငန်းများက အကြံပေးအဖြစ် ပါဝင်ကြပါတယ်။ 
ရှယ်ယာများကို VFS သင်္ကေတဖြင့် Nasdaq Global Select Market မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှယ်ယာစုစု‌ပေါင်း တန်ဖိုး မည်ရွေ့မည်မျှ မျှော်မှန်းထားကြောင်း အသေးစိတ် အချက်အလက်များ ထုတ်ပြန်ကြေညာခြင်း မပြုသေးပါဘူး။ စတော့အိပ်ချိန်း စာရင်း စတင်ဝင်မယ့် ရက်စွဲကိုလည် ကြေညာခြင်း မပြုသေးပါဘူး။
.
Vingroup  ရဲ့ ရှယ်ယာဈေးနှုန်းများ ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၇) မှာ ၅.၇%အထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့ ၅ လတာအတွင်း အမြင့်မားဆုံး စံချိန်သစ် တင်ပါတယ်။ 
.
VinFast က လျှပ်စစ်ကားများ စတင်ထုတ်လုပ်ခါစ ဖြစ်တဲ့အတွက် အရင်းကြေမှတ်ကို မရောက်သေးပါဘူး၊ အရှုံးဖြင့် ဆက်လက်လုပ်ကိုင်နေရဆဲ ဖြစ်ပါတယ်။ ၂၀၂၁ မှာ ကန်ဒေါ်လာ ၁.၃ ဘီလီယံ အရှုံးပြခဲ့ပါတယ်။ ယခုနှစ် စက်တင်ဘာလအထိ ၉ လတာမှာ ကန်ဒေါ်လာ ၁.၅ ဘီလီယံ အရှုံးပြခဲ့ပါတယ်။ 
လုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားတာ ၂၀၂၂ စက်တင်ဘာလအထိ ကန်ဒေါ်လာ ၇.၅ ဘီလီယံခန့် ရှိနေပြီ ဖြစ်ပါတယ်။ 
.
VinFast က ၅ နှစ် ၆ နှစ်အတွင်း  လျှပ်စစ်ကား စီးရေ ၁ သန်း ဝန်းကျင် ထုတ်လုပ်ရောင်းချဖို့ ရည်မှန်းထားပါတယ်။ ထုတ်လုပ်မှု ဗီယက်နမ်နိုင်ငံ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှာ တစ်နှစ်လျှင် စီးရေ ၁.၁ သန်းအထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ 
Source bloomberg
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 330 times