VinFast Global စီးအီးအို အသစ်ခန့်


VinFast Global စီးအီးအို အသစ်ခန့်

ဗီယက်နမ်မှ ကုမ္ပဏီစုကြီး Vingroup ရဲ့ မော်တော်ယာဉ် လုပ်ငန်း VinFast Global ရဲ့ စီအီးအိုအသစ် အဖြစ် ကုမ္ပဏီစုကြီးရဲ့ အမျိုးသမီး ဒုတိယဥက္ကဋ္ဌ Le Thi Thu Thuy ကို ခန့်အပ်လိုက်ပါတယ်။ ယခင်စီအီးအိုက ဂျာမန်နိုင်ငံသား Michael Lohscheller က ကိုယ်ရေးကိုယ်တာ အကြောင်းကြောင့် နောက် ၅ လအကြာမှာ  ပြည်တော်ပြန်တော့မှာ ဖြစ်လို့ စီအီးအို အပြောင်းအလဲ ခန့်အပ်ခဲ့ပါတယ်။

 

Michael Lohschelle

Michael Lohscheller က VinFast Global မှာ စီအီးအို မလုပ်ခင်မှာ  Opel ကားကုမ္ပဏီမှာ စီအီးအို လုပ်ခဲ့သူ ဖြစ်ပါတယ်။ 

VinFast က အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျာမနီ၊ နယ်သာလန်နဲ့ အခြားဈေးကွက်တွေမှာ လုပ်ကိုင်လျက်ရှိပါတယ်။ 

Le Thi Thu Thuy, 
 CEO of VinFast Global. 
 Photo courtesy of Vingroup

အသက် ၄၇ နှစ် ရှိသူ Le Thi Thu Thuy က ဗီယက်နမ်ကုမ္ပဏီမှာ မလုပ်ကိုင်ခင် ဂျပန်၊ ထိုင်းနဲ့ စင်ကာပူတို့အတွက်  Lehman Brothers မှာ ဥက္ကဋ္ဌ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ 

VinFast ကို ၂၀၁၇ မှာ ထူထောင်ခဲ့ပါတယ်။ ဗီယက်နမ်ရဲ့  မော်တော်ယာဉ်ကို အစမှအဆုံးတိုင် အပြည့်အဝလုပ်ကိုင် ထုတ်လုပ်တဲ့ ပထမဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပါတယ်။

ယခုအခါ လျှပ်စစ်ကားတွေကို ဗီယက်နမ် ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ရောင်းချလျက်ရှိပြီး လာမယ့်နှစ်မှာ အမေရိကန်ဈေးကွက်မှာ စတင်ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။

Read 460 times