ဗီယက်နမ် VinFast  မြောက်ကာရိုလိုင်းနား အာဏာပိုင်ထံမှ ကန်ဒေါ်လာ ၁.၂ ဘီလီယံ မက်လုံး ရရှိ


ဗီယက်နမ် VinFast  မြောက်ကာရိုလိုင်းနား အာဏာပိုင်ထံမှ ကန်ဒေါ်လာ ၁.၂ ဘီလီယံ မက်လုံး ရရှိ
 

ဗီယက်နမ် အီဗီမော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း VinFast က  မြောက်ကာရိုလိုင်းနားပြည်နယ်ရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော စီးပွားရေးမက်လုံးပေးအစီအစဉ်ကို ရရှိလိုက်တာ ဖြစ်ပါတယ်။ 

 

 

ဗီယက်နမ် မော်တော်ကားထုတ်လုပ်သူ VinFast က အမေရိကန်ပြည်ထောင်စုမှာ ခပ်သွက်သွက် မောင်းနှင်နေပါတယ်။ မကြာသေးခင်က နိုင်ငံတကာဘဏ်လုပ်ငန်းကြီး နှစ်ခုထံမှ ကန်ဒေါ်လာ ၄ ဘီလီယံ အရင်းအနှီးရယူခဲ့ပါတယ်။ 

ဗီယက်နမ် VinFast အမေရိကန်တွင် အီးဗီနှင့် ဘက်ထရီထုတ်လုပ်ရန် ကန်ဒေါ်လာ ၄ ဘီလီယံ အရင်းအနှီး ရယူ

ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇူလိုင် ၁၄) မှာ စက်ရုံ တည်ဆောက်မယ့်  မြောက်ကာရိုလိုင်းနားပြည်နယ်ရဲ့  အစိုးရထံမှ  ကန်ဒေါ်လာ ၁.၂ ဘီလီယံ စီးပွားရေးမက်လုံးပေးအစီအစဉ်ကို ရရှိခဲ့တဲ့အပြင် ကယ်လီဖိုးနီးယားပြည်နယ်မှာ ကားအရောင်းဆိုင် ၆ ဆိုင်ကို တစ်ရက်တည်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ 

မြောက်ကာရိုလိုင်းနားပြည်နယ် မှ Chatham County မှာ တည်ရှိတဲ့  Triangle Innovation Point မှာ အီးဗီထုတ်လုပ်ရေး စက်ရုံကို မြေဧရိယာ ဧက ၂,၀၀၀ ပေါ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

စက်ရုံဝင်းမှာ အဓိကအားဖြင့် အပိုင်း နှစ်ပိုင်း ပါဝင်ပါတယ်။ လျှပ်စစ်ကားများ၊ ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရေးက တစ်ပိုင်း၊ ပစ္စည်းပေးသွင်းများရဲ့ လုပ်ငန်းများက တစ်ပိုင်း ဖြစ်ပါတယ်။ 

VinFast က တစ်နှစ်လျှင် စီးရေ ၁၅၀,၀၀ အထိ ထုတ်လုပ်ပေးနိုင်မယ့် စက်ရုံကို ဒီဇိုင်းထုတ်ထားပါတယ်။ 

စီမံကိန်း ပထမအဆင့် ဆောက်လုပ်ရေးကို ယခုနှစ်ထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်။ ကားထုတ်လုပ်မှုများကို ၂၀၂၄ ဇူလိုင်လမှာ စတင်ဖို့ လျာထားပါတယ်။ 

VinFast က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အရောင်းဆိုင် ၆ ဆိုင်ကို ကြာသပတေးနေ့   (ဇူလိုင် ၁၄) မှာ ဖွင့်လှစ်လိုက်ပါတယ်။ Santa Monica, San Mateo, San Diego, Commerce, Berkeley နှင့်  Corte Madera တို့မှာ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ 

 

VinFast  မှ ထုတ်လုပ်တဲ့ ပရီမီယံ အီးဗီ   SUV  VF8 နှင့် VF9 ထို့ကို ပြသထားမှာ ဖြစ်ပြီး VinFast Smart Driving ကို အမြည်း စမ်းမောင်းကြည့်ဖို့လည်း စီစဉ်ပေးထားပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Source: insideevs

Read 4384 times