VinFast ဗီယက်နမ်ဈေးကွက် ရောင်းအားမြှင့်တင်


VinFast ဗီယက်နမ်ဈေးကွက် ရောင်းအားမြှင့်တင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ် အခြေစိုက် အီးဗီထုတ်လုပ်ရေးလုပ်ငန်း VinFast သည် လျှပ်စစ်မော်တော်ဆိုင်ကယ်များကို ထုတ်လုပ်ပြီး ဗီယက်နမ် တက္ကဆီကဏ္ဍတွင် လျှော့စျေးများနှင့် အတိုးမဲ့ချေးငွေများဖြင့် ရောင်းအားမြှင့်တင်လျက်ရှိသည်။

ဗီယက်နမ်မှ တက္ကဆီ ခေါ်ပေးသည့် ဝန်ဆောင်မှုနှင့် အိမ်တိုင်ရာရောက် ပစ္စည်းပို့ ဝန်ဆောင်မှု လုပ်ငန်း Be Group သည် VinFast ထံမှ လျှပ်စစ်မော်တော်ဆိုင်ကယ်များ လျှော့စျေးဖြင့် ဝယ်ယူရန်  သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ဗီယက်နမ်တွင် Grab ၏ လုပ်ငန်းတူ ပြိုင်ဘက်ဖြစ်သော Be Group သည် VinFast မှ ထုတ်လုပ်သော Feliz S e-scooter များကို VinFast ထံမှ လျှော့ဈေးဖြင့် ဝယ်ယူအသုံးပြုမည် ဖြစ်ပြီး VinFast ထံမှ လျှပ်စစ်ကားများ ဝယ်ယူသုံးစွဲရန်လည်း အစီအစဉ် ရှိသည်။ 
တက္ကဆီ ခေါ်သည့်ဝန်ဆောင်မှု အက်ပ်လုပ်ငန်း Be ကို VinFast က ကန်ဒေါ်လာ ၂,၀၀၀ တန် လျှပ်စစ်စကူတာများကို ၄% လျှော့ဈေးဖြင့် ရောင်းချပေးမည်။ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း Cake က Be ကို လျှပ်စစ်စကူတာများ ဝယ်ယူရန် အတိုးမဲ့ချေးငွေ ထုတ်ချေးပေးမည်။
Be ၏ တက္ကဆီခေါ်ပေးသည့် အက်ပ်တွင် ပါဝင်လုပ်ကိုင်နေကြသည့် မော်တော်ဆိုင်ကယ် တက္ကဆီသမားများ ထောင်ချီရှိနေပြီး ၎င်းတို့သည် VinFast ၏ လျှော့ဈေးနှင့် အတိုးမဲ့ချေးငွေ အစီအစဉ်တွင် ပါဝင်ကြမည် ဖြစ်သည်။
 
ဗီယက်နမ် အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် တက္ကဆီကားအသစ်မှန်သမျှ အီးဗီဖြစ်ရမည်ဟု ကြေညာထားသည်။

VinFast နှင့် ၎င်း၏ မိခင်လုပ်ငန်း Vingroup ကို တည်ထောင်သူ Pham Nhat Vuong သည် VinFast မှ ထုတ်လုပ်သည့် လျှပ်စစ်မော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်ကားများဖြင့် ယခုနှစ်တွင်  တက္ကစီဝန်ဆောင်မှုကို စတင်ခဲ့သည်။

VinFast က ဈေးချပေးသဖြင့် မော်တော်ဆိုင်ကယ် တက္ကဆီသမားများ ဓာတ်ဆီသုံး စကူတာများမှ လျှပ်စစ်စကူတာများသို့ ကူးပြောင်းရန် အထောက်အကူ ဖြစ်စေပါသည်။

ဗီယက်နမ်တွင် ဓာတ်ဆီသုံး မော်တော်ဆိုင်ကယ် အစီးရေ သန်း ၇၀ ဝန်းကျင်ရှိနေသည်ကို လျှပ်စစ် စကူတာများ၊ လျှပ်စစ်မော်တော်ဆိုင်ကယ်များ ပြောင်းလဲကြမည် ဖြစ်သည်။ 

VinFast ၏ e-scooter စက်ရုံသည် တစ်နှစ်လျှင် အစီးရေ ၅ သောင်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် e-scooter များ အစီးရေ ၂ သောင်းဝန်းကျင် ရောင်းချခဲ့သည်။ 

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 292 times