VinFast  ဒုတိယအသုတ်ကားများ အမေရိကန်သို့ တင်ပို့ 


VinFast  ဒုတိယအသုတ်ကားများ အမေရိကန်သို့ တင်ပို့ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast က ၎င်းသည် ဒုတိယအသုတ်ကားများကို မြောက်အမေရိကဈေးကွက်အတွက် တင်ပို့လိုက်ကြောင်း တနင်္လာနေ့ (ဧပြီ ၁၇)တွင် ပြောကြားခဲ့သည်။

ဒုတိယအသုတ် လျှပ်စစ်ကားများမှာ ခရီးတာ ပိုဝေးဝေး သွားနိုင်သည့် VF 8 sport utility vehicle (SUV)  ၁,၈၇၉ စီး ဖြစ်ပါသည်။


 ဗီယက်နမ်၏ အကြီးဆုံး လုပ်ငန်းစုကြီး Vingroup JSC မှ ကျောထောက်နောက်ခံပြုထားသည့် VinFast သည် ၎င်း၏ VF8 SUVs 999 စီးကို ၂၀၂၂  နိုဝင်ဘာလတွင် ဗီယက်နမ်မှ ကယ်လီဖိုးနီးယားသို့ ပထမဆုံးအသုတ်အဖြစ် တင်ပို့ခဲ့သည်။
၎င်းကားများသည် ခရီးတာ နည်းနေသဖြင့် ဝယ်ယူသူတို့ သဘောမတွေ့ကြသောကြောင့် ပြုပြင်မွမ်းမံပေးပြီးမှ မှာကြားထားသူများထံ ၂၀၂၃ မတ်လတွင် စတင်ပေးပို့ခံ့ပါသည်။ 

ဒုတိယအသုတ် ကားများသည် ပင်လယ်ခရီး ရက် ၂၀ ကြာပြီးလျှင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားသို့ ရောက်ရှိမည်။ ၁,၀၉၈ စီးကို အမေရိကန်အတွက် သင်္ဘောချမည်။ ကျန်သည့် ကားများသည် ကနေဒါနိုင်ငံသို့ ခရီးဆက်မည်။
အမေရိကန်မှ အမှာစာများထံ မေလတွင် စတင်ပေးပို့မည်။
ကနေဒါမှ အမှာစာများထံ ဇွန်လတွင် စတင်ပေးပို့မည်။
လက်ရှိတွင် VinFast သည် ၂၄ လ သက်တမ်းရှိ အငှားစာချုပ်ဖြင့် လစဉ်ကြေး $399 သတ်မှတ်ကာ VF 8 City Edition မော်ဒယ်များ အငှားချလျက် ရှိသည်။

၂၀၁၉ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သော VinFast သည် အမေရိကန် ဈေးကွက်တွင် တိုးချဲ့ရန် စီစဉ်ထားသည်။ ထြတ်လုပ်ရေး စက်ရုံတစ်ရုံကို မြောက်ကယ်ရိုလိုင်းနားတွင် တည်ဆောက်ပြီး အီးဗီ ထုတ်လုပ်မှု ၂၀၂၅ တွင် စတင်မည်။


တနင်္လာနေ့ထုတ်ပြန်ချက်တွင် ကုမ္ပဏီသည် ယခုနှစ် ဇူလိုင်လလယ်တွင် ဥရောပသို့ VF 8 အစီးရေ ၇၀၀ ပထမအသုတ် တင်ပို့ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။
များမကြာခင်မှာ မော်ဒယ်အသစ်နှစ်မျိုး VF 6 နှင့် VF 7 အတွက် ကမ္ဘာတစ်လွှားမှ အမှာစာများကို စတင်လက်ခံမည်။

ဗီယက်နမ် ပြည်တွင်းမှာ ပထမသုံးလပတ်တွင် VF 8 ၈၆၅ စီးကို မှာကြားထားသူများထံ အပ်နှံခဲ့သည်။ 
ဗီယက်နမ်မှ ကားစက်ရုံသည် တစ်နှစ်လျှင် စီးရေ ၂ သိန်းခွဲအထိ ထုတ်လုပ်နိုင်သည်။

VinFast သည် ယမန်နှစ် ဒီဇင်ဘာလအထိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမှာစာ ၅၅,၀၀၀ ကို ရရှိထားပြီး ယင်းတို့အနက် ၁၂,၀၀၀ သည် အမေရိကန်ဈေးကွက်မှဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source  Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 181 times